အပိုင်း ၁၄ ၂၀၀၉ ဒိုင်ယာရီ

155 22 3
                                    

ဖေဖော်ဝါရီ ၆ ရက်နေ့  ၂၀၁၈။

ငါရယ်ကိုကြီးရယ် လူတစ်ယောက်ကို သတ်ခဲ့ကြတယ်.....။
-----------------------
ထိုညက ကိုကြီးအိမ်ကောင်းဈာန်ဟု အမည်နာမရှိသည့် လူသားတစ်ယောက် တစ်သက်စာချစ်မြတ်နိုးခဲ့ရသော နှစ်ကာလများကို တမ်းတမိတော့သည်။ လွင့်လက်၊ လွင့်ခြေဖြင့် ပျိုးခဲ့ရသည့် အချစ်မျိုးစေ့တွေမဟုတ်လား။ ကိုကြီးဟာ လွင့်ရင်မှဖြစ်သော အချစ်များဖြင့် ထုံသင်းတဲ့ သောကြာကြယ်လေးပင်။

"ကိုကြီး... လွင်တို့ဘယ်လိုလုပ်ကြမလဲ... ဘယ်လိုလုပ်ကြမလဲလို့"

"လွင်မင်းငြိမ်ငြိမ်နေ"

အဲ့နေ့က လွင့်ရဲ့ တုန်လှုပ်ခြောက်ခြားမှုတွေ၊ ဘယ်ရီခင်းထဲက သွေးစက်တွေနဲ့အတူ ကိုကြီးရဲ့ ကြောက်စရာ မျက်လုံးတွေကိုတွေ့ခဲ့ရတယ်။

"ငါတို့ပြောခဲ့ပါတယ် ဒီကောင်က သူ့အဖေက ဆိုက်ကိုပတ် သူကလည်း သူ့အဖေလိုကောင်ဆိုတာ..."

"ငါမင်းကို မသတ်မိခင် မင်းစောက်ပါးစပ်ကို ပိတ်ထားလိုက်"
ကိုကြီးက ဒေါသတကြီး ဖြစ်နေပြီး လက်ထဲက အုတ်နီခဲအကျိုးကို အောက်ကိုပစ်ချလိုက်သည်။

"မင်းဘာလုပ်နေတာလဲ ဒီကောင့်ကိုပြန်ထိုးလေ ဟေ့ရောင် မင်းလွင်"
မင်းလွင်က မထနိုင်လောက်အောင်မြေပြင်ပေါ် လဲကျနေပြီဖြစ်သည်။

"မင်းညီက အခြောက်ပဲ၊ ပျော့တီိးပျော့ဖက် နွဲ့တီးနွဲ့တဲ့နဲ့ မင်းက ဘာတွေဝင်နာနေတာလဲ"

မင်းလွင်​၏နောက်က အေးအောင်ရဲ့ စကားကြောင့် ကိုကြီးက အေးအောင်ဆီ သွားကာ အဖြူရောင် ကျောင်းအင်္ကျီကော်လံကို ဆွဲရမ်းပစ်​၏။

"မင်းတို့နောက်တစ်ခါ ငါ့ညီကို စော်ကားပြီးအုပ်စုလိုက် အနိုင်ကျင့်ရင် တစ်ဖွဲ့လုံး ငါသတ်ပစ်မယ်"

ကိုကြီးအိမ်ကောင်းက လွင့်ကိုအနိုင်ကျင့်တဲ့ အုပ်စုကို ပြန်ပြီးဆုံးမနေခြင်းဖြစ်သည်။ လွင် ငါးတန်းစတက်တော့ လွင့်အတန်းထဲမှာ အဆင့်တစ်ရတာကို မကျေနပ်တဲ့ မင်းလွင်က သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး လွင့်ကိုကျောင်းမှာတွေ့တိုင်း အခြောက်မ ဟု စကြသည်။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now