အပိုင်း ၂၁ ငါ့မှန်ရှေ့က ရွှေဝါရောင်နှင်းဆီ

137 20 0
                                    

မေးခွန်းနံပါတ် (၅)။    ။ "ဒါဆိုရင် ကိုလွင်နဲ့ အဲ့ဒီဦးဝိဆိုသူနဲ့ ရှေ့မှာဘာတွေဖြစ်ခဲ့လဲ"

"သူလူထွက်ပြီးနောက်ပိုင်း လွင်တို့ခဏခဏတွေ့ဖြစ်ကြတယ်။ ပြောရရင် သူက အိမ်နားက အလုပ်မှာ ဝင်လုပ်တယ်။ တစ်ရက်မှာသူကလွင့်ကိုကြိုက်တယ်လို့ ဖွင့်ပြောတယ်... လွင်ထင်တယ် သူက လွင့်ဘဝမှာ ယောက်ျားလေးတစ်ယောက်ကနေ ချစ်တယ်လို့ဖွင့်ပြောတဲ့ပထမဆုံးလူဖြစ်လိမ့်မယ်"

ဆရာမက ရှေ့က ကော်ဖီခွက်လေးကို ကိုင်ပြီး အတွေးခက်ခက်မျက်လုံးတို့ဖြင့် ကော်ဖီတစ်ငုံကိုသောက်လိုက်သည်။ ပြီးမှ

" ဒါဆို ကိုလွင်ကရော လက်ခံခဲ့လား"

"ဟင့်အင်း အဲ့အချိန်တုန်းက ယောက်ျားလေးတစ်ယောက်ကနေ နောက်ယောက်ျားလေးတစ်ယောက်ကို ကြိုက်တယ်၊ သမီးရည်းစားလိုတွဲကြတယ်ဆိုတာ မရှိကြဘူး။ လွင်လက်လည်းမခံဘူး။ အဲ့အချိန်မှာကိုကြီးကို မချစ်ဘူးလားဆိုတော့လည်း လွင်ချစ်တယ်။ ဒါပေမယ့်ကိုကြီးကိုလည်း သမီးရည်းစားလို တွဲဖို့လို့ မစဉ်းစားတတ်သေးတဲ့ ခေတ်လို့ပဲ ပြောရမယ်"

"ပြီးတော့ ကျွန်မထင်တယ်၊ ကိုလွင်ပြင်အေးပြောသလိုဆိုရင် အဲ့ဒီနှစ်ပိုင်းတွေဟာ ကိုလွင်ပြင်အေးအတွက် သိပ်ကို ခက်ခဲပြီး ရုန်းကန်ရတဲ့နှစ်တွေပဲ ဟုတ်တယ်ဟုတ်"

လွင်သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ဟုတ်ပါတယ် ဆရာမ၊ အဲ့နှစ်က ငရဲလိုပဲ။ ၂၀၁၂ မှာ ဖိုးဖိုးကို လွင်ဆုံးရှုံးခဲ့ရတယ်။ လွင့်အဘစီးပွားရေးကျတယ်၊ မိန်းမရှုပ်တာ အမေသိလို့ အမေနဲ့အဘအိမ်ထောင်ရေးကွဲမလိုဖြစ်တယ်။ အမေစိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်တာလည်း အဲ့ဒီနှစ်ပဲ"

လွင်ပြန်မတွေးချင်တော့သည့် နှစ်တစ်နှစ်အဖြစ် ၂၀၁၂ ဟာ အမြဲ နေရာယူထားမှာ အသေအချာပင်။

လွင့်မျက်ရည်တွေနှင့်အတူ ဝိုးတဝါးပျောက်ပြယ်သွားသည့် ဖိုးဖိုး​၏ ခန္ဓာကိုယ်၊ လွင့်နားထဲတွင် တဝီဝီ ထစ်ချုန်းကျနေသည့် အဘနှင့် အမေ​၏ အော်ဟစ်စကားများသံများ၊ လွင့်မျက်စိရှေ့ကပျောက်သွားသည့် အဘ​၏ ပိုင်ဆ်ုင်မှုများ၊ လွင် အလန့်တကြား တားခဲ့ရသည့် အမေနှင့် ထုပ်စီးပေါ်က ကြိုးတစ်ချောင်း။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now