အပိုင်း ၄ လေပြေရဲ့ အနာတရအိမ်

262 33 5
                                    

"ဒါ ကျွန်တော့်ညီဝမ်းကွဲ နွေရိပ်တဲ့ ကိုငယ်"

"အင်း" ကျွန်တော်ကပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ကိုကိုသားသားက ဆိုင်သွားဖွင့်မလို့လား"

"ဟုတ်တယ် သုတ၊ အခုတော့ ဖွားဆွေအိမ်သွားမလို့လေ ငယ်ငယ်နဲ့။ ပြီးရင်အစ်ကိုဆိုင်သွားမှာ"
သုတက ကျွန်တော့်ကိုကြည့်ပြီး သဘောကျနေပုံရငည်။ ကျွန်တော်တို့နှင့် စိန်ပြေးလိုက်တမ်းဆော့ရင်း နှပ်ချေးတွဲလောင်နှင့် လိုက်လိုက်ပြေးတတ်သည့် ကောင်လေးမှာ အတော်အရွယ်ရောက်လာပြီပဲ။

"ဖွားဆွေအိမ်သွားလိုက်ဦးမယ် သုတ၊ ညနေအစ်ကိုဆိုင်ပြန်လာမှ ဆုံမယ်။ အရီးမေသက် သားတို့သွားလိုက်ဦးမယ်နော်"

ကိုကြီးက စကားစဖြတ်လိုက်တာမို့ ကျွန်တော်လည်း အရီးနှင့် သုတကိုနှုတ်ဆက်ပြီး ထွက်လာခဲ့​၏။

"ကိုကြီး သူတို့ကမိုးကုတ်ကိုအပြီးပြောင်းလာတာလား"

"အင်းဟုတ်တယ်၊ အန်တီမေသက်လည်း ညီညီတို့ နိကာယ်ဘုန်းဘုန်းရဲ့ကျောင်းမှာတရားအားထုတ်ချင်တာလည်းပါတယ် ပြီးတော့..."

လမ်းလျှောက်ရင်း ရေနံချေးသုတ်ထားတဲ့ အိမ်နီနီတွေကို ဖြတ်လာခဲ့ရ​၏။ လမ်းမှာတွေ့သမျှ အိမ်နီးနားချင်းတွေကိုလည်း နှုတ်ဆက်ရသည်။

"ပြီးတော့ ဘာဖြစ်လဲ ကိုကြီး"

လမ်းလျှောက်ရင်း အောက်ငုံ့ကြည့်မိတော့ နှစ်ယောက်သားညီတူလှမ်းနေကြသည့် ခြေထောက်များကိုမြင်ရသည်။ ကိုကြီးက ကွင်းထိုးဖိနပ်အဖြူကို ဝတ်ထား​၏။ သူ့ခြေဖမိုးဖြူဖြူလေးများပေါ်တွင် ပန်းရောင်သန်းနေသော သူ့ခြေချောင်းကလေးများဟာ သန့်ရှင်းသပ်ရပ်စွာ ညှပ်ထားသော ခြေသည်းများကို တွေ့ရသည့်အခါ ကျွန်တော့်စိတ်ထဲ အမျိုးအမည်မသိသော ခံစားချက်မျိုးကို ရမိသည်။

ကိုကြီးရဲ့ခြေထောက်တွေကအစ သဘောကျမိခဲ့သလား။ ထိုခံစားချက်မျိုးရှိခဲ့ဖူးလေသလားလို့ ကိုယ့်ကိုကိုယ်တစ်ခါမှ မမေးခဲ့ဖူးပေမယ့် အပြစ်ရယ်လို့ ရှာမရတော့တဲ့အထိ သူ့ကိုချစ်ခဲ့ဖူးတာတော့ အမှန်ပဲလေ...။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now