ဒီအဖြစ်အပျက်တွေအကုန်လုံးဟာ ရုပ်ရှင်တစ်ကားဖြစ်ရင်ကောင်းမယ်။ ဒါမှမဟုတ် လွင့်ဘဝကပဲ ရုပ်ရှင်ဆန်သလား။ ဒါဟာ ရုပ်ရှင်ဆိုရင်တော့ ဒီအပိုင်းကို လွင်တော့ မကြည့်ချင်ဘူး...။
---------------------------------တက္ကသိုလ် နောက်ဆုံးနှစ်၊ ပထမနှစ်ဝက် စာမေးပွဲအပြီးတွင် ဖြစ်ပါသည်။
"လတ် နင်ဟိုမှာဘယ်နှနှစ်ကြာမှာလဲ"
"မသိဘူး မိုးရယ် ... မဟာလည်းဆက်တက်ရင်း ဟိုမှာအဖွားလဲရှိတော့ အဲ့မှာပဲနေဖြစ်သွားမလားမသိဘူး"
People Person Downtown Cafeရဲ့ အနောက်ဘက်က မှန်ခန်းလေးထဲမှာ မမလတ်က သူ့ရဲ့farewell ပါတီပွဲလေးကျင်းပနေခြင်းပင်ဖြစ်သည်။ မမလတ်ကနောက်အပတ်ဆို အမေရိကားသွားတော့မည်။ သည်လိုဆိုပြန်လျှင် လွင်တို့အတူ ဖြတ်သန်းခဲ့သော သက္ကရာဇ်များဟာ ခဏလေးလိုပင်။
လွင်၊ မိုးပြည့်၊ ကိုကြီး၊ ကိန်း၊ ထူးထူးနှင့် တခြားသူငယ်ချင်းသုံးလေးယောက်ပါသည့် ပါတီပွဲကျင်းပနေကြသည်။ မနှစ်ကပဲ သူတို့တစ်တွေ ဘွဲ့ကိုယ်စီရကြ၏။
ထူးထူးကတော့ လွင်တို့ယောက်ဖ မမိုးအေးတို့ယောက်ျား၏ ကားဂိတ်လုပ်ငန်းတွင် ဝင်လုပ်ကိုင်နေသည်။ ကိုကြီးကတော့သူ့အိပ်မက်ဖြစ်သည့် ကော်ဖီဆိုင်ဖွင့်ဖို့ကော်ဖီသင်တန်းတွေတက်ဖို့ လုပ်နေ၏။
"ငါကတော့ နင့်ကိုမခွဲချင်ပါဘူး လတ်ရယ်..."
လွင်တို့တစ်တွေအတူရှိခဲ့တဲ့ ငါးနှစ်ကျော်အချိန်ဟာ ခုကျတော့လည်း မြန်ဆန်လိုက်တာလို့ထင်မိပါသည်။
"မမ လွင်လည်း လိုက်လာခဲ့မယ်သိလား... လွင်ဘွဲ့လွန်လာတက်ပြီး အဲ့မှာအလုပ်လာလုပ်မယ်"
"တကယ်လား လွင်... လာခဲ့ မမလည်း ဖွားလေးရှိလို့သာ သွားရတာပါကွယ်။ သူ့မှာ ပင်စင်ယူခါနီိး ကျန်းမာရေးသိပ်မကောင်းတော့ တစ်ယောက်ထဲ နောက်ကျရင်အဆင်မပြေလောက်ဘူးလေ..."
"လွင်ကတော့ မမကိုလွမ်းနေရတော့မှာပဲ... ခုဆို ကိုကြီးတို့လည်းမရှိတော့ အရင်လို ရတနာပုံကိုလည်းချောင်းပေါက်မတတ်လာလို့ရတော့ဘူး။ မမကပါအဝေးသွားတော့ ပြေးလည်းတွေ့မရဘူး"
ΔΙΑΒΑΖΕΙΣ
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Ρομαντικήလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။