အပိုင်း ၂၅ ယင်ကောင်ရဲ့သွေးစက်တွေ

178 19 10
                                    

ကိုကြီးက သူ့ခေါင်းကို ပန်းအိုးနဲ့ထုချလိုက်တော့ အိမ်ရဲ့ ကြမ်းပြင်ပေါ်မှာ သွေးတွေဟာ ပင်လယ်လို အိုင်သွားတာပဲလေ...။

----------------------

စခန်းက ရဲတစ်ယောက်ရဲ့ ဆယ့်ငါးမိနစ်ပဲရမယ်ဆိုတဲ့ စကားကို အင်း လို့ခေါင်းညိတ်ခဲ့ပြီး အခန်းထဲဝင်ခဲ့တယ်။ စားပွဲတစ်ခုဆီမှာ ခေါင်းကိုငုံ့ပြီး ထိုင်နေတဲ့ကိုကြီးရဲ့ လက်နှစ်ဖက်မှာ လက်ထိပ်တွေကို မြင်လိုက်ရတော့ လွင့်ရင်ထဲ တဆစ်ဆစ်ပဲ။

လွင်ကတော့ ပြောစရာစကားတွေအများကြီးပေမယ့်လည်း သူ့ကိုမြင်တဲ့အခါ ပြောစရာစကားမရှိဘူး။ အဲ့ဒီနေ့ညကနေ လွင်အရူးတပိုင်းဖြစ်ခဲ့တယ်မဟုတ်လား။ သူ့ဆီကနေလည်း ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ် ဆိုတဲ့ စကားကနေလွဲပြီး ဘာမှလည်းမကြားခဲ့ရပါဘူး။

"ငါ့ကိုတစ်ခုခုပြောလိုက်စမ်းပါလား၊ ငါ့ကိုမုန်းတယ် ငါ့ကိုတစ်သက်လုံးမမြင်ချင်ဘူးလို့ပြောလိုက်စမ်းပါလား"

"ဘာလို့လဲဆိုတဲ့မေးခွန်းကိုလည်းမမေးချင်ပေမယ့် သိလည်းမသိချင်ပေမယ့် စိတ်ထဲမှာရောရင်ဘတ်ထဲမှာရော တဆစ်ဆစ်ပဲနာကျင်တယ်... "

"အင်း"

"အဲ့ဒီစိတ်ဒဏ်ရာနဲ့ တစ်သက်လုံး ကြောက်ပြီးနေခဲ့ရတယ်... စအိုထဲက တစိမ့်စိမ့်နာတဲ့ဒဏ်တွေ စပ်တဲ့ ဒဏ်တွေ ပြီးတော့ စအိုထဲကနေတစိမ့်စိမ့်ကျလာတဲ့ သုတ်ရည်တွေရော... ပြန်မတွေးချင်တော့တဲ့ ငယ်ဘဝမှာ.... "

လွင့်ရှေ့ကကိုကြီးရုပ်တွေမမြင်ရအောင် လျှံလာတဲ့ မျက်ရည်စတွေနဲ့အတူ သိလိုက်ရတာကလည်း ကိုကြီးဟာ လွင့်ကိုတည့်တည့်မကြည့်ရဲဘဲ သူငိုနေတယ်ဆိုတာပဲ။

လွင်အဲ့အကြောင်းတွေပြောဖို့ ဒီကိုလာခဲ့တာမဟုတ်ပါဘူး။ သူတရားသေလွှတ်ပေးခံရမယ်ဆိုတာကိုပြောဖို့ပါလေ။

"ဒီအမှုကို ကိုယ့်ကိုကိုယ်ခုခံကာကွယ်မှုလို့ နာမည်ပေးထားတယ်... အထူးသဖြင့် ဦးထွေးကိုလွင်ပြောလိုက်တယ်။ ပြောတယ်ဆိုတာထက် သူကိုယ်တိုင်စခဲ့တဲ့ဇာတ်လမ်းမှာ သူ့သားဟာ အပြစ်ရှိလို့..."

အပြစ်ရှိလို့ခံရတယ်လို့လွင်ပြောမယ့်ဆဲဆဲမှာ မဝံ့မရဲကြည့်လာတဲ့ ကိုကြီးမျက်ဝန်းတွေကိုဖျတ်ခနဲမြင်လိုက်ရပြီး စကားကိုတန့်လိုက်မိတယ်။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now