P_3 (Uni)

5.7K 959 553
                                    

အပြင်မှာ မိုးတွေသည်းကြီးမဲကြီးရွာနေတယ်။ မိုးရွာရင် စာအုပ်ဖတ်ရတယ်ဆိုလို့ အခု ကျွန်တော် စာအုပ်တွေဖတ်နေတာ။ ဘာစာအုပ်တွေလဲဆိုတာကိုတော့ မပြောတော့ဘူး။ ကျွန်တော်တို့ရွာမှာ စာကြည့်တိုက်လေး လုပ်ပေးချင်တယ်လို့ ပြောပြီးကတည်းက မောင်ထူးက စာအုပ်တွေအများကြီး ဝယ်ပေးထားတာမို့။

ကျွန်တော်က သူဝယ်ပေးထားတဲ့စာအုပ်တွေကို နိုင်အောင်လိုက်ဖတ်ရတယ်။ ရွာစာကြည့်တိုက်မှာ သုတစာအုပ်လေးတွေချည်းပဲ လှူချင်တာမို့။ ဒါမှ ကလေးတွေတိုးတက်မှာ။

သုတစာအုပ်ဆိုရင်တော့ ဆရာချမ်းမြေ့ဝင်း နောက်ဆုံးထွက်ရှိထားတဲ့ တစ်+တစ်=သုံးဆိုတဲ့ ဘာသာပြန်စာအုပ်လေးက မပါမဖြစ်လေးပဲ။ အဲ့စာအုပ်လေးက အရမ်းအရမ်းကို ဗဟုသုတရစေတာမို့။ ဖတ်လို့လဲကောင်းတယ်။

ပြီးတော့ ဆရာတက်တိုးရဲ့ အေဗရာဟင်လင်ကွန်းဆိုတဲ့စာအုပ်။ အဲ့စာအုပ်ကလည်း တကယ်ကောင်းပဲ။ ဆရာဖေမြင့်ရဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်လေးတွေလည်း လှူရမယ်။ နောက် ဆရာလင်းသိုက်ညွှန့်ရဲ့ စာအုပ်တွေ။ ဒါမှ စီးပွားရေးဈေးကွက်မြင်ပြီး ရွာကတိုးတက်မှာ...

ပြောလို့သာပြောရတာပါ စာတွေတော့ဖတ်ပြီး လက်တွေ့လိုက်မလုပ်ရင်လည်း အလကားပဲ။ လက်တွေ့အကောင်အထည်ဖော်မှ လူကတိုးတက်တာ။ အင်း။ တချို့ကလည်း လိုက်လုပ်လုပ် မလုပ်လုပ် ဒီတိုင်းစာအုပ်တွေ ဖတ်နေတာကလည်း အသိပညာတွေတိုးပွားပြီး အမြင်ကျယ်တယ်လို့တော့ ပြောကြတာပဲ။

ကိုယ့်အရွယ်နဲ့ လိုက်ဖက်မယ်ထင်တဲ့ စာအုပ်လေးတွေကိုတော့ သေချာရွေးဖတ်ပေါ့။ မနူးမနပ်အရွယ်လေးတွေကတော့ အချစ်စာအုပ်တွေ မဖတ်သင့်ဘူး။ စတိတ်ကျောင်းတက်နေတဲ့ကလေးတွေဆို ပိုဆိုးတယ်။ လုံးဝအချစ်ဝတ္ထုတွေ မဖတ်သင့်ဘူး။ တော်ကြာ လယ်တွင်းသားစောချစ်လို့ ဝတ္ထုထဲကဇာတ်ကောင်နဲ့ တူအောင်ဆိုပြီး ကျောင်းတွေဘာတွေ လိုက်ထွက်ပြီး မြင်သမျှအကုန်လွမ်းနေမှ ဒုက္ခရောက်မယ်။

ပြီးတော့ အချစ်စာအုပ်မဟုတ်ဘူးကွဆိုပြီး ဂမ္ဘီရစာအုပ်တွေဘာတွေလည်း သွားဖတ်မနေနဲ့ဦး။ အဲ့ဒါက ပိုဆိုးတယ်။ သူတို့ရေးထားသမျှကို တကယ်ထင်ပြီး လိုက်လုပ်နေမှ ပိုဒုက္ခရောက်မယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now