P_9 (Uni)

3.8K 697 242
                                    

လူတိုင်းလူတိုင်းက ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြပြီး တစ်ကိုယ်ကောင်းဆန်ကြတယ်တဲ့။ အဲ့စကားကို ကျွန်တော်လည်း ထောက်ခံတယ်။ တစ်ကိုယ်ကောင်းမဆန်တဲ့လူဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိသလောက်ရှားတယ်။ ကျွန်တော်လည်း တစ်ကိုယ်ကောင်းဆန်တာပဲ။

ကျွန်တော် မောင်ထူးကို ကျွန်တော့်ထက်အရင် မသေစေချင်ဘူး။ ဘာလိုလဲ။ သူသေသွားရင် ကျွန်တော်တစ်ယောက်တည်းပဲကျန်ခဲ့မှာလေ။ အဲ့ကျ နေ့နေ့ညည ကျွန်တော်သူ့ကိုလွမ်းပြီး အထီးကျန်နေတော့မှာ။ အဲ့တော့ မောင်ထူးကို ကျွန်တော့်ထက်အရင် မသေစေချင်ဘူးပေါ့။ တကယ်တော့ အဲ့ဒါ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပဲ။ ကျွန်တော်ခံစားရမှာစိုးလို့ မောင်ထူးကို မသေစေချင်တာ။

အဲ့လိုမျိုးပဲ။ ကိုယ်နဲ့ရင်းနှီးသူတွေ။ ဥပမာ ကိုယ်ရဲ့အိမ်ထောင်ဖက်။ သူတို့တွေ ဘဝကူးသွားတဲ့အခါ ဝမ်းနည်းပူဆွေးစွာနဲ့ ငိုကြယိုကြတယ်။ သူတို့ဘာလို့ ငိုကြတာလဲ။ အဖြေကရှင်းပါတယ်။ ကိုယ်တစ်ယောက်တည်း အထီးကျန်တော့မယ်၊ သူ့ကိုဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူးဘာညာကို တွေးမိပြီး ဝမ်းနည်းပူဆွေးကြတာ။ အဲ့ဒါက ကိုယ့်အတွက်ကိုယ် တွေးတာပဲလေ။ ကိုယ်ခံစားရမှာမို့...

ရိုးရိုးသားသားပြောရရင်တော့ သူတစ်ပါးအတွက်လုပ်ပေးတယ်ဆိုတာတွေက တကယ်တမ်းတော့ ကိုယ့်အတွက် လုပ်နေတာတွေချည်းပဲ။ လူတစ်ယောက်က ကိုယ့်ကိုအကူညီလာတောင်းတယ်။ ကိုယ်ကကူညီလိုက်တယ်။ ဘာလို့ကူညီတာလဲ။ ကိုယ့်ကိုအကောင်းမြင်စေချင်လို့။

အလှူအတန်းတွေလုပ်ကြတယ်။ ဘာလို့လုပ်ကြတာလဲ။ နောင်ဘဝတွေကျရင် ကောင်းစားအောင်လို့။ ဒါမှမဟုတ် နတ်ပြည်ရောက်ချင်လို့။ ဘယ်သူရောက်မှာတုန်း။ ကိုယ်ရောက်မှာပဲမလား။ ကိုယ့်အတွက်ကိုယ်ပဲလုပ်ကြတာ။

အဲ့တော့ ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်တယ်ဆိုတဲ့စကားက အလိမ်အညာ။ တကယ်မှတ်ပြီး မယုံကြလေနဲ့။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပိုချစ်တာပဲ။ ဒါပေမဲ့ မောင်ထူးကိုလည်း ကျွန်တော့်လောက်နီးနီးချစ်ပါတယ်။ သူ့အတွက် အသက်သေရဲလားဆိုရင်တော့ ကျွန်တော်မဖြေတတ်ဘူး။ လျှပ်တပြတ် မောင်ထူးကို ကားတွေဘာတွေနဲ့ တိုက်သွားရင်တော့ သူ့အစား ကျွန်တော်ဝင်ခံရင်ခံမှာပေါ့။ အဲ့လိုမဟုတ်ဘဲ မောင်ထူးကိုချစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးပြတို့ဘာတို့ဆိုရင်တော့ ကျွန်တော်ဘယ်ထိုးမလဲ။ ကျွန်တော်တင်မဟုတ်ပါဘူး။ တခြားလူတွေလည်း အဲ့လိုမျိုးဆို လုပ်မှာမဟုတ်ဘူး။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now