P_16 (Uni)

2.6K 458 161
                                    

တကယ်တော့ လူသားတွေဟာ သေမိန့်ကျခံထားရတဲ့ လူတွေချည်းပဲတဲ့။ အင်း။ လူသားတွေချည်းပဲတော့လည်း မဟုတ်ဘူးပေါ့။ သက်ရှိမှန်သမျှပဲ ဆိုပါတော့။ အကုန်လုံးက တစ်နေ့ကျရင် သေကြမှာပဲ။ စောစောသေမှာနဲ့ နောက်ကျမှသေမှာပဲကွာတယ်။

ကျွန်တော် အရင်က သေမှာအရမ်းကြောက်ခဲ့တာ၊ အဲ့ဒီတုန်းကဆိုရင် ရိုးရိုးတမ်းတမ်းသေတာက သက်တမ်းကုန်လို့သေတာဖြစ်ပြီး ဆိုင်ကယ်တို့၊ ကားတို့တိုက်ပြီးသေတာကတော့ သက်တမ်းမကုန်ဘဲ သေကြရတယ်ပေါ့။ သက်တမ်းကုန်လို့ သေရတဲ့လူတွေကတော့ အသက်ထွက်တာနဲ့ တစ်ခါတည်း ဆိုင်ရာဆိုင်ရာ ဘုံဘဝကို သွားကြရပြီး သက်တမ်းမကုန်သေးဘဲ သေကြရတဲ့လူတွေကကြတော့ သက်တမ်းကုန်ဆုံးမယ့်အချိန်အထိ သရဲဘဝနဲ့ နေကြရတယ်ပေါ့လေ။ အဲ့လိုမျိုးပဲ ထင်နေခဲ့တာ။

တကယ်တော့ အဲ့ဒါက အမှားဖြစ်နေခဲ့တယ်။ လူတစ်ယောက်ဟာ လူ့လောကထဲကို စရောက်လာပြီဆိုကတည်းက သူ ဘယ်နေ့မှာ ဘယ်လိုမျိုး သေရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ပါလာပြီးသားတဲ့။ မတော်တဆနဲ့ ထိခိုက်ဒဏ်ရာရပြီး သေသွားတဲ့လူတွေကလည်း သူတို့ရဲ့ကံကိုက အဲ့လိုမျိုး သေကြရမှာမို့။ ရေနစ်ပြီး သေရမယ့်လူကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ကို ရေနစ်သေကြရမှာ။

ဥပမာ-မောင်ဖြူရဲ့ကံက ရေနစ်ပြီးသေရမယ်။ ဒါပေမဲ့ မောင်ဖြူက ရေအရမ်းရှားတဲ့ဒေသမှာ မွေးဖွားတာမို့ သူ့မှာ ရေနစ်သေစရာ အကြောင်းမရှိဘူးပေါ့။ ဒါပေမဲ့ သူ ဘယ်လောက် ရေရှားတဲ့ဒေသမှာမွေးမွေး၊ သူသေရမဲ့အချိန်ကျရင် ရေနစ်မဲ့အကြောင်းအရာက ပေါ်လာမှာပဲ။ သင်္ဘောနဲ့ခရီးသွားရတာပဲဖြစ်ဖြစ်၊ မတော်တဆ မိုးများပြီး ရေကြီးလာတာပဲဖြစ်ဖြစ် ရေကတော့ နစ်ကိုနစ်ရမှာပဲ။

အဲ့လိုမျိုးပေါ့။ လူတိုင်းမှာ ကိုယ်ဘာနဲ့သေရမလဲဆိုတဲ့ ကံတရားကပါလာပြီးသား။ အဲ့တော့ အခုနောက်ပိုင်း ကျွန်တော် သေရမှာကို တအားမကြောက်တော့ဘူး။ တစ်ခုပဲ။ ဖြစ်နိုင်ရင် ကျွန်တော် မောင်ထူးထက် အရင်သေချင်တယ်။ သူမရှိဘဲ ကျွန်တော်ကျန်မနေခဲ့ချင်ဘူး။

မောင်ထူးကတော့ ကျွန်တော့်ထက်အရင် မသေချင်ဘူးလို့ပြောပါတယ်။ သူမရှိဘဲ ကျွန်တော့်ကို တစ်ယောက်တည်း စိတ်မချဘူးတဲ့။ ကျွန်တော်ကလည်း သူ့ထက်အရင်သေချင်မိတော့ အတော်ပဲဆိုပါတော့။ ဒါပေမဲ့ ကျွန်တော်က အရင်မသေဖို့များပါတယ်။ ဒီမှာက အိမ်ထောင်ဦးစီးတွေက အရင်သေကြတာများတော့လေ။ မောင်ထူးက အိမ်ထောင်ဦးစီးဆိုတော့ သူအရင်သေလောက်တယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now