P_18 (Zawgyi)

949 55 10
                                    

မောင်ထူးအဖေရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ရဲ့ ပရဟိတကို စိတ်ဝင်စားတဲ့သူတွေ အတော်လေး များပြားခဲ့တယ်။ အစက စိတ်ပူနေခဲ့တာ ၊ စိတ်ဝင်စားတဲ့သူမှ ရှိပါ့မလားဆိုပြီး။ အခုတော့ မထင်ထားရလောက်အောင်ကို ဆက်သွယ်လာသူတွေ အရမ်းများပြားခဲ့တယ်။

အခုလောလောဆယ်တော့ ကျွန်တော်က ရန်ကုန်မြို့အတွင်းက ဆက်သွယ်လာသူတွေကို အရင်ဆုံး ပြန်ဆက်သွယ်ပြီး အပြင်မှာ လူချင်းတွေ့ ၊ ပြီးရင် ကျွန်တော် လုပ်ချင်တဲ့အကြောင်းအရာကို သေချာလေးရှင်းပြ ၊ ကျွန်တော့်ရှင်းပြချက်ကို ဟိုဘက်က သဘောကျတယ် ၊ လက်ခံတယ်ဆိုတာနဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လိုအပ်တာတွေဆက်လုပ် ၊ ပြီးရင် နောက်တစ်ဦးကို ထပ်တွေ့ ၊ အဲ့လိုနဲ့ပဲ လုံးချာလည်နေတာကြောင့် ကျွန်တော်မအား။

ရန်ကုန်မြို့တွင်းက လူတွေကို တွေ့ပြီးရင်တော့ ပြင်ဦးလွင်မြို့ကနေ ကျွန်တော့်ဆီကို ဆက်သွယ်လာတဲ့ အတွဲတစ်တွဲကို သွားတွေ့မယ်လို့ ဆုံးဖြတ်ထားတယ်။

ပြင်ဦးလွင်နဲ့ စစ်ကိုင်းက သိပ်မဝေးတာမို့ ဒီနှစ်သင်္ကြန်မှာ သူတို့ကို သွားတွေ့ရင်းနဲ့ မရောက်တာကြာပြီဖြစ်တဲ့ စစ်ကိုင်းကို အလည်ဝင်မယ်။ ဒါမှမဟုတ်လည်း စစ်ကိုင်းကို အရင်သွားပြီး စစ်ကိုင်းကနေမှ ပြင်ဦးလွင်ကို ထပ်တက်မယ်။

ဒီခရီးက နည်းနည်းကြာမှာကြောင့် ကျွန်တော်နဲ့ မောင်ထူး ၊ နှစ်ယောက်တည်းမဟုတ်ဘဲ သူထူးအောင်ကိုပါ ခေါ်လာခဲ့လိုက်တယ်။ သူလည်း စစ်ကိုင်းမရောက်တာ ကြာပြီမို့ သူ့မိဘတွေအနေနဲ့လည်း သူ့ကို တွေ့ချင်နေလောက်ရောပေါ့။

သူ့မိဘတွေဖြစ်တဲ့ မမနဲ့ ခန့်စည်သူတို့ကတော့ ဘယ်လိုလဲမသိပေမဲ့ သူထူးအောင်ကတော့ သူ့မိဘတွေကို အတော်လေးချစ်ရှာပါတယ်။ လမ်းမှာ ငြိမ်ငြိမ်မနေလို့ကတော့ စစ်ကိုင်းမှာ ထားခဲ့မှာလို့လည်း ကျွန်တော် ပြောလိုက်ရော တစ်လမ်းလုံးကို ငြိမ်ကုတ်နေတော့တာပဲ။ အဲ့လောက်ကို သူ စစ်ကိုင်းမှာ နေချင်တာပါ။

စစ်ကိုင်းကိုရောက်တော့ သင်္ကြန်ရောက်ဖို့က သုံးရက်ပဲလိုပါတော့တယ်။ အဲ့ဒါနဲ့ သင်္ကြန်အတွင်းတော့ စစ်ကိုင်းမှာပဲနေပြီး သင်္ကြန်ပြီးမှပဲ ပြင်ဦးလွင်ကို သွားကြဖို့ ဆုံးဖြတ်လိုက်တယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now