"မောင်ထူး"
"အင်း အထူးလေး။ ပြောလေ"
"သီတင်းကျွတ်လပြည့်နေ့က မုန့်ဖိုးလိုက်တောင်းရတာဆို ဟုတ်လား"
"မဟုတ်ပါဘူး။ လူကြီးတွေကို လိုက်ကန်တော့ရတာပါ။ ကန်တော့ခံရတဲ့ လူကြီးတွေက ပြန်ပြီးမုန့်ဖိုးပေးတာ"
"သြော်... ငါတို့ဆီမှာ သင်္ကြန်ရောက်တိုင်း သက်ကြီးရွယ်အိုတွေကို ရေလိုက်ကန်တော့သလိုပေါ့"
"အင်း ဟုတ်တယ်။ အဲ့လိုမျိုးပဲ"
"မသိပါဘူး။ ငါက မုန့်ဖိုးလိုက်တောင်းရတာ မှတ်နေတာ"
"မဟုတ်ဘူးအထူးလေးရဲ့။ ဒါနဲ့ အထူးလေးက မုန့်ဖိုးလိုချင်လို့လား။ လိုချင်ရင် ငါပေးမယ်လေ"
"မလိုချင်ပါဘူး။ ငါ့မှာပေါတယ်။ ငါက ဒီတိုင်းမေးကြည့်တာ"
"အင်း။ မင်းတို့ဆီနဲ့မတူလို့မလား။ မင်းတို့ဆီက တန်ခူးလမှာ ကန်တော့ကြတာဆိုတော့လေ"
"အင်း မတူဘူး။ တစ်နိုင်ငံတည်းကိုနော်။ ဘာလို့မတူကြတာပါလိမ့်။ ငါတို့ဆီက သက်ကြီးရွယ်အိုတွေကို နှစ်ဦးလဦးမှာ ကန်တော့ကြတာ။ သူတို့က ဘာလို့ သီတင်းကျွတ်မှာ ကန်တော့ကြတာပါလိမ့်"
"တစ်နေရာနဲ့တစ်နေရာက အဲ့လိုပဲ မတူတာတစ်ခုခုတော့ ရှိတတ်ကြတယ်"
"အင်း။ ထားလိုက်ပါတော့။ ငါနဲ့လည်း ဘာမှဆိုင်နေတာမဟုတ်ဘူး။ မနက်ဖြန် လပြည့်နေ့ဆိုတော့ ငါတို့လျှေက်လည်ကြမလား။ မောင်ထူး မင်းဘယ်သွားချင်လဲ"
"ကစားကွင်းသွားကြမလား"
"ကစားကွင်းလား"
"အင်း။ သေချာစဥ်းစားကြည့်တော့ ငါတို့ တစ်ခါမှမရောက်ဖူးဘူးလားလို့လေ"
ကျွန်တော်ပြောတော့ ထူးအောင်က မျက်မှောင်ကိုကုတ်တယ်။
"ကြီးကောင်ကြီးမာနဲ့ သူငယ်ပြန်ပြီး လျှောက်မဆော့ချင်ပါဘူး။ တစ်ခြားနေရာပြော"
"အဲ့ဒါဆို ပန်းခြံဆိုရင်ရော"
"ပန်းခြံ... ပန်းခြံက အတွဲတွေသွားကြတာမလား။ ငါတို့က အတွဲထက်ကျော်ပြီး ညားပြီးနေပြီလေ"
