P_19(Uni)

1.7K 252 56
                                    

သင်္ကြန်ပြီးတော့ ပြင်ဦးလွင်မှာ တွေ့စရာရှိတဲ့ ကိုသူရစိုးတို့အတွဲနဲ့ သွားရောက်တွေ့ဆုံဖြစ်တယ်။ အဲ့လိုတွေ့ဆုံရင်းနဲ့မှ တစ်ခါမှ ပြင်ဦးလွင်မရောက်ဖူးသေးတဲ့ သူထူးအောင်ကို ဟိုနေရာ ဒီနေရာလေးတွေ လိုက်ပို့ဖြစ်တယ်။

"အူးငယ်... မှန်တံတားပေါ် တက်ရအောင်နော်"

ပွဲကောက်က မှန်တံတားအနားရောက်တော့ သူထူးအောင်က တံတားပေါ်ကို လမ်းလျှောက်ချင်ကြောင်းပြောတယ်။

"မတက်ပါဘူး။ ကိုယ်တက်နေတုန်း မှန်ကွဲသွားမှ မသာပေါ်နေမယ်"

"အဲ့ဒါဆို အူးအူး... သားသားနဲ့ မှန်တံတားပေါ်တက်ရအောင်နော်"

သူ့ဦးလေးကို ပြောမရတော့ သူထူးအောင်က ကျွန်တော့်ကို ထပ်ပြောပြန်တယ်။

"မောင်ထူးလည်းမတက်ရဘူး... တက်ချင်ရင် မင်းတစ်ယောက်တည်းတက် သူထူးအောင်"

"........."

"အထူးလေးရာ.. စိတ်ထဲပါတာလဲမဟုတ်ဘဲနဲ့ ကလေးကို စိတ်ဒဏ်ရာရအောင် လျှောက်ပြောနေတယ်။ ကိုယ်လိုက်သွားလိုက်မယ်။ အထူးလေးမလိုက်ရဲရင် ဒီနားကပဲ စောင့်နေလိုက်နော်"

ကျွန်တော်ပြောတော့ "နှစ်ယောက်စလုံး မတက်ရဘူး"ဆိုပြီး ချာခနဲလှည့်ထွက်သွားတယ်။ သူထူးအောင်ခင်များ မှန်တံတားပေါ်ကိုလည်းတက်ချင်၊ သူ့ဦးငယ်ကိုလည်းကြောက်ဆိုတော့ မပျော်မရွှင်နဲ့ပဲ အနောက်ကနေ လိုက်နေရတယ်။

အဲ့ဒီထက်ပိုဆိုးတာက ထူးအောင်က ရေထဲကိုလည်းမဆင်းခိုင်း။ သူထူးအောင်က ရေဆော့ချင်တယ်။ တစ်ယောက်တည်းမို့ အဖော်ခေါ်ရင်လည်း ထူးအောင်ကမလိုက်၊ ကျွန်တော့်ကိုလည်းမလိုက်ရ၊ ဆော့ချင်ရင် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းဆင်းဆော့တဲ့။ အဲ့တော့ ကလေးကလည်း ဆင်းမဆော့ရဲဘူးပေါ့။

"အထူးလေးရာ မင်းလုပ်တာနဲ့ နောက်ဆို သားသားက ကိုယ်တို့နဲ့ ဘယ်မှမလိုက်ချင်ဘူးဖြစ်နေမယ်"

ကျွန်တော်ပြောတော့ သူ သူထူးအောင်ကို လှည့်ကြည့်တယ်။ သူထူးအောင်ကကျ သူ့ဦးလေးကိုမကြည့်၊ ထူးအောင်သူ့ကို လှည့်ကြည့်လို့ကို တမင်တကာ မျက်နှာလွှဲပြတာ။ စိတ်ကောက်တဲ့သဘော။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now