အပိုင်း(၁)

7.2K 152 7
                                    

မောင့်လေပြေ

ပိုင်မယ်ထင်လို့မောင်လှမ်းခဲ့တဲ့ခြေလှမ်းတွေပါကွယ်။ မောင်ဘက်ကစပြီးစွန့်စားခဲ့ရတယ်လို့ခေါင်းစဉ်မတပ်ချင်ပါနဲ့‌တော့လား။

မောင်ကစချစ်ခဲ့ရတဲ့လူမို့မင်းကဆက်ချစ်ပေါ့တဲ့လားမောင်။ ငါလေ အော်ရယ်ပစ်ချင်လိုက်တာ။ မောင်ကစချစ်ခဲ့တာလား၊ ဒါမှမဟုတ် အပျင်းပြေချစ်တယ်လို့စပြောခဲ့ရုံဘဲလား လို့‌ မောင့်ကိုမောင်ပြန်မေးကြည့်စမ်းပါလား။
- လေပြေလျှမ်းခ

မင်းက‌မောင့်ရဲ့အိမ်ဘဲ လေပြေ။ မောင့်ဘာသာဘယ်‌နေရာ၊ ဘယ်အရပ်မှပျော်ပျော် အချိန်တန်မောင်ကမင်းဆီကိုဘဲပြန်ရောက်လာမှာ။ ဒါနဲ့တင်မင်းရောင့်ရဲသင့်တယ်‌ လေပြေ၊ အချိန်မှန်ပြန်လာရမယ်ရယ်လို့ မောင့်ကိုမချုပ်ခြယ်စမ်းပါနဲ့ကွာ။
-ခွန်ပြည့်စုံမင်း

အပိုင်း(၁)

၂၀၁၃.. ၂၀၁၄ ပညာသင်နှစ်။

ကျီ...ပီ။

ကျေးငှက်သံလေးတွေနဲ့အတူ နေခြည်နွေးနွေးက ခြင်ထောင်ပါးလေးထဲသို့ထွင်းဖောက်၀င်ကာ‌ လေပြေဆိုတဲ့ကောင်လေးရဲ့မျက်နှာထံသို့ကျစင်းလာလေပြီ။

"လေပြေ.. လေပြေ"

"အင်..ဟင်"

"မင်းဒီနေ့ကျောင်းစတက်ရမှာမလား.. နာရီကြည့်ဦး ခြောက်နာရီထိုးခါနီး‌နေပြီ ဟဲ့.. မင်း ခုကျောင်းကခုနှစ်နာရီဆို"

"အာ... ဟုတ်တယ် အမေ၊ ဟုတ်တယ်ဗျ"

အိပ်ရာထဲကဝုန်းခနဲထထိုင်ရင်း စောင်အမြန်ခေါက်ကာခြင်ထောင်သိမ်းရသည်။ အဖေကတော့ အ‌စောကြီးလမ်းလျှောက်ထွက်သွားပြီထင်၏။ အိမ်ရှေ့အမြန်ထွက်ကာ ရေအမြန်ချိုးတော့ လူကချမ်းစိမ့်စိမ့်။

"အေး.. အေး ခုမှဝုန်းဒိုင်းလုပ်နေ၊ ကိုးနာရီကျောင်းတောင်‌နောက်ကျပါတယ်ဆို.. ခုနှစ်နာရီကျောင်းတဲ့တော်.. ငါမြင်ယောင်နေပါတယ်‌အေ၊ နောက်နေ့တွေကို့ဘာသာအကျင့်လုပ် လေပြေ.. ငါမင်းကိုမနက်တိုင်းလိုက်မနိူးနိုင်ဘူး"

အမေ့ရဲ့တဗျစ်တောက်တောက်အသံဟာ သူ့အတွက်မရိုးနိုင်တဲ့ဓာတ်ပြားဟောင်း။ အမေဟာ အကို့ကိုအလိုလိုက်သလောက် အငယ်မ‌ကိုလဲငုံ့ထားမတတ်ချစ်၏။ သူ့ကိုတော့ အလိုကျပုံမရလှ.. ဒါပေမယ့် ဒါဟာမိသားစုတိုင်းက အလတ်တွေကြုံတွေ့ရမယ့်ပြဿနာလို့ သူမှတ်ယူထားလိုက်သည်။

မောင့်လေပြေ (Completed)Where stories live. Discover now