အပိုင်း(၂၉)

998 71 5
                                    

ကောင်းကင်အနှံ့တွင်ဖြန့်ကျက်လျက်ရှိသောကြယ်ဖြူလေးများသည် လင်းလက်ရာမှ တဖြည်းဖြည်းမှိန်ဖျေ့ာလို့လာလေပြီ။

ခပ်‌ဝေးဝေးဆီကတရားသံနှင့်အတူ မောင့်ရဲ့ခြိမ်းခြောက်သံအေးစက်စက်ကနားထဲမှာ ဆန့်ကျင်စွာပင်ဒွန့်တွဲဝင်ရောက်လာလျက်ရှိ၏။

ဘဝမှာအတောင့်တခဲ့ရဆုံးဖြစ်တဲ့ မောင်နဲ့တူတူနေရဖို့က လျင်မြန်စွာဘဲ လေပြေထံရောက်ရှိလာတယ်။ နှိပ်စက်ဖို့လက်ထပ်တာဆိုတဲ့မောင့်ရဲ့အေးစက်စက်စကားသံနဲ့ ရွံမုန်းမှုတွေပြည့်နေတဲ့မောင့်ရဲ့အကြည့်ရိုင်းတွေသာမပါခဲ့ဘူးဆို ခုချိန်မှာလောကမှာအပျ်ောဆုံးလူက လေပြေဖြစ်နေလိမ့်မည်မှာအသေအချာ။

နာရီကိုကြည့်မိတေ့ာလေးနာရီခန့်.. မကြာခင်မှာမောင်ချိန်းထားတဲ့အချိန်ရောက်လာတေ့ာမယ်။ မိမိကိုအလိုလိုက်ကာချစ်ပ့ါမယ်ဆိုသော ပိုင့်နားတွင်နေခဲ့ရမည်လား၊ ဒါမှမဟုတ် မိမိကိုနည်းနည်းလေးမျှမချစ်ခဲ့သောမောင့်နောက်ကိုကောက်ကောက်ပါအောင်အရဲစွန့်လိုက်သွားရမည်လား။

မောင်ဟာ ပျိုတိုင်းကြိုက်ခံရတဲ့လူပီပီ ပိုင့်ထက်အစစအရာရာသာရှာသူဖြစ်လိမ့်မည်။ ဒါပေမယ့် မောင့်ရဲ့မချစ်တတ်ခြင်းက အကြီးမားဆုံးအားနည်းချက်ဖြစ်လိမ့်မည်။

ပြီးတော့ မောင့်ကိုမှရူးအောင်ချစ်မိခြင်းသည်..လေပြေရဲ့အမှားဆုံး ချို့ယွင်းချက်တစ်ခုဖြစ်လေသည်။

မျက်ဝန်းထဲမှမျက်ရည်စတချို့ ခေါင်းအုံးဖြူဖြူပေါသို့ခုန်ပေါက်ကာ ပြေးဆင်းသွားလေ၏။ ငါက မျက်ရည်သိပ်လွယ်တယ်မောင်.. မောင်က ငါငိုတာကိုသိပ်သဘောကျတယ်မလား။ ငါ မောင်ပျ်ောဖို့အတွက် အများကြီးငိုပေးနိုင်တာပေ့ါ။

ဘယ်လိုလဲမောင်.. ဒီလောက်ဆို င့ါမောင့်ရဲ့ပါရမီဖြည့်ဘက်ဖြစ်နိုင်မလားဟင်.. ဒါမှမဟုတ် မောင့်ရဲ့ပျ်ောတ်ောဆက်ဖြစ်ဖို့ အရည်အချင်းမှီရက်လားဟင်။

မှတ်ပုံတင်နဲ့အဝတ်အစားတချို့ကို လွယ်အိတ်ထဲတိတ်တဆိတ်ထည့်ရင်း ခြေဖွနင်းကာအပေါ်ထပ်သို့တက်လာလိုက်၏။ တစ်‌‌ယောက်အိပ်ခြင်ထောင်ထဲက အဖေ့ကိုဦးတင်ကာကန်တေ့ာလိုက်သည်။

မောင့်လေပြေ (Completed)Where stories live. Discover now