အပိုင်း(၄၀)

1.1K 53 8
                                    

မူးဝေနေသောခံစားချက်နဲ့အတူ လေပြေအသိတို့ဟာ ရေးတေးတေး။ မျက်လုံးကိုအားယူဖွင့်မိတော့ စူးရှသောအလင်းရောင်နဲ့အတူ သူ့ကိုငုံ့မိုးကြည့်နေတဲ့အရိပ်တစ်ခု..။

"လေပြေ. လေပြေသတိရလာပြီလား"

"ငါ ဆရာ၀န်သွားခေါ်လိုက်မယ်"

အောင်ကျော်က ဆရာ၀န်သွားခေါရန်ထွက်သွားတော့ မောင်ကလေပြေ့လက်ဖဝါးကိုခပ်ကြာကြာနမ်းရှိုက်နေခဲ့၏။ မောင့်အထိအတွေ့က နွေးထွေးပေမယ့် လေပြေ့ပါးပေါ်မျက်ရည်တစ်စလာထိတွေ့သွားတာမို့..။

"မောင် ငိုနေတာလား"

"အင်း"

လေပြေထထိုင်ဖို့အားယူတော့ ‌မောင်ကအသာတွဲထူပေး၏။ မောင့်မျက်ခမ်းစပ်တွေဟာ ရဲစပ်လို့နေခဲ့သည်။ လေပြေ့ငြင်သာစွာပြုံးရင်း မောင့်ပါးပြင်ကိုသပ်ပေးလိုက်၏။

"ကလေးလေးလား မောင်ရယ်. ဘာလို့ငိုနေရတာလဲ"

"လေပြေ့ကို မောင်ဖက်လို့ရမလား"

မောင်က ပါးစပ်ကခွင့်တောင်းပေမယ့် မောင့်ခေါင်းလေးဟာ လေပြေ့ရင်ခွင်ထဲနေရာ၀င်ယူနေခဲ့ပြီဖြစ်သည်။ ဒီလိုပါဘဲ. မောင်ဟာ လူကောင်ကြီးကြီးနဲ့မလိုက်အောင် တခါတလေ ကလေးလိုတွယ်ကပ်တတ်ပါသည်။

သို့်သော် အိမ်မဟုတ်တဲ့နေရာမှာတွယ်ကပ်ခြင်းမှာ ဒီတကြိမ်သည် ပထမဆုံးဖြစ်လေသည်။ မောင်ဟာ လေပြေ့ထက်ရင့်ကျက်သူ၊ လေပြေ့ကိုကာကွယ်နိုင်စွမ်းရှိတဲ့ယောင်္ကျားတစ်ယောက်အဖြစ်သာ ပတ်၀န်းကျင်က သူ့ကိုအသိအမှတ်ပြုစေလိုသူမဟုတ်ပါလား။

"လေပြေ့ကို မောင်ဆုံးရှုံးရတော့မယ်ထင်တာ"

လေပြေက ခွန်ပြည့်ဆံပင်တွေကို သပ်ပေးနေခဲ့သည်။

"မဆုံးရှုံးရပါဘူးကွယ်. ခု ဒီမှာကြည့် မောင့်ရှေ့မှာငါရှိနေတယ်လေ. ကလေးလေးလို ငိုမနေနဲ့တော့။ အောင်ကျော်ပြန်၀င်လာရင် မောင့်ကိုစနေတော့မှာ မကြောက်ဘူးလား"

ရင်ခွင်ထဲကမောင့်မျက်နှာလေးကိုပင့်ယူရင်း မျက်ရည်စတွေသုတ်ပေးရင်း ချော့နေမိသည်။ ဘာလို့များ ပိုင့်စကားတွေကို နားယောင်ခဲ့မိတာလဲ။ ‌ဒီလောက်နွေးထွေးလုံခြုံတဲ့မောင့်ရင်ခွင်ကျယ်ထဲကပြေးထွက်ဖို့ သူစိတ်လွင့်ပါးစွာဆုံးဖြတ်မိတာလဲ။ လေပြေတွေးရင်းက သူ့ကိုယ်သူအပြစ်တင်လို့မဆုံး..။

မောင့်လေပြေ (Completed)Where stories live. Discover now