အပိုင်း(၁၉)

903 60 1
                                    

လမ်းထိပ်လေးထိ မောင်လိုက်ပို့ပြီးချိန်မှာတော့ လေပြေ့အိမ်ထဲသို့အပြေးအလွှား၀င်ကာ ဆွယ်တာအဖြူလေးနဲ့ Jean pantလေးကို ၀တ်ဆင်လိုက်၏။ ယောင်္ကျားစီးအနက်ရောင်ကြိုးသိုင်းဖိနပ်ပါးလေးကိုစီးပြီး အပြင်ထွက်ရန်ပြင်ခိုက်

"လေပြေ့ကို အမေညကျ ပြောစရာရှိတယ်"

"ဗျာ"

"မင်းဘယ်ခြေလှမ်း လှမ်းနေလဲဆိုတာ အမေမသိဘူး မထင်နဲ့ လေပြေ"

"ဘာကိုလဲဗျ.. သားတကယ်နားမလည်ဘူး"

လေပြေကနားမလည်သလိုလေး အမေ့ကိုမော့ကြည့်နေခဲ့၏။ သို့သော် ရင်ထဲမှာတော့ ဝုန်းဒိုင်းကြဲနေခဲ့လျက်။ မောင့်ကိစ္စများသိသွားရော့သလား လို့တွေးကာ ရင်တွေပူနေခဲ့ရာမှ

"သွား. သွား ပြန်မှပြောမယ်။ ပိုင်နဲ့ရုပ်ရှင်ကြည့်မှာဆို ဟုတ်လား"

"ဟုတ်တယ် အမေ"

"အေး.. သွား"

ဆုတ်ကန်နဲ့ဆုတ်ကန်နဲ့ထွက်သွားသောသားဖြစ်သူကိုကြည့်ရင်း သက်ပြင်းမောချလိုက်မိ၏။ သားအလတ်ကို အကြီးနဲ့အငယ်လောက်မချစ်တာမို့ ဂရုတစိုက်မရှိခဲ့တာအမှန်. သို့သော် သူမသတိထားမိချိန်ဟာ သိပ်နောက်ကျသွားခဲ့ပြီ။

သားဟာ ငယ်ငယ်လေးကတည်းက နွဲ့နှောင်းချင်ကာ အပေါင်းအသင်းရွေး၏။ ဘုန်းခန့်ဆိုတဲ့ အကောင်သေးသေးကောင်လေးနဲ့ဘဲ တစ်လျှောက်လုံးပေါင်းကာ ငြိမ်သက်လွန်းရှာတယ်။

အလှကြိုက်လှတာမျိုးမဟုတ်ပေမဲ့ သာမာန်ကောင်လေးတွေထက် ပိုနူးနူးညံ့ညံ့ရှိနေတတ်ပြန်တာကို သူမသတိထားမိချိန်မှာ သိပ်နောက်ကျသွားခဲ့ပြီ။ သားနဲ့ခွန်ပြည့်ဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးကို စိတ်ပူလာမိ၏။

အသိမိန်းမတွေက ပြောလာတာရှိပေမဲ့ အပေါင်းအသင်းမှားမှာစိုးရိမ်တဲ့သဘောဖြင့်သာအသိပေးခဲ့ကြခြင်း။ သို့သော် ကိုယ့်သားအကြောင်း နောက်ပိုင်းမှသေချာရိပ်မိလာသော သူမအတွက်က ခက်ချေပြီ။

ဘယ်လောက်ဘဲ မချစ်ဘူးပြောပါစေ. သားသမီးကို ကောင်းတဲ့နေရာသွားစေချင်တဲ့အတ္တလေးအနည်းငယ်တော့ သူမမှာရှိပါသည်။

မောင့်လေပြေ (Completed)Where stories live. Discover now