အပိုင်း(၆)

1.1K 73 0
                                    

အိမ်ရှေ့မှာဈေးဆိုင်တည်ထားတဲ့အမေ့ရဲ့ခနော်နီ၊ ခနော်နဲ့ထမင်းဆိုင်‌လေးမှာသူဝိုင်းကူလုပ်ပေးနေခိုက် အသီးသီးဆိုက်ရောက်လာတဲ့စက်ဘီးတွေ..။

"လေပြေ"

"ဟာ အောင်ကျော်တို့.. ခွန်ပြည့်ရောပါတာဘဲ"

"အင်း"

ခွန်ပြည့်က အိမ်နေရင်းအင်္ကျီနွမ်းနွမ်းလေးနဲ့လေပြေ့ကိုကြည့်ရင်း မေးဆတ်ပြ၏။ အောင်ကျော်နှင့်အတူ ခွန်ပြည့်အပါအ၀င် နောက်ထပ်ကောင်လေးသုံးလေးယောက်။ ဘုန်းခန့်တော့မပါချေ..။ လေပြေကစက်ဘီးတွေနားခပ်သွက်သွက်လေးလျှောက်လှမ်းသွားခိုက်

"လေပြေ.. အပြင်သွားဖို့မစဉ်းစားနဲ့နော်။ အလုပ်တွေရှိသေးတယ်"

"ဟုတ်ကဲ့ပါအမေရ"

ခွန်ပြည့်ကစက်ဘီးကိုခွလျက်၊ ခြေထောက်ရပ်နေရာမှ လေပြေတို့အိမ်ကိုအကဲခတ်နေမိ၏။ ၁၅ပေပတ်လည်မျှကျယ်၀န်းသောသစ်သားအိမ်လေးရဲ့ရှေ့တွင် တွဲလျက်ထမင်းဆိုင်လေးဖွင့်ထားခြင်း။

အိမ်ရှေ့ထောင့်မှသရက်ပင်အိုကြီးကိုတစ်ချက်မျှမော့ကြည့်ရင်း ဟိုတစ်နေ့ကကျောင်းအပြန်သရက်သီးသွားခိုးခူးတဲ့အကြောင်းကိုသတိရသွား၏။

နှမ်းခိုးစားတဲ့မင်းသားကို တက္ကသိုလ်ပါမောက္ခကြီးကရိုက်တယ်ဆို သူတို့သရက်သီးသွားခိုးခူးစားကြောင်း အတန်းပိုင်သိလျှင်ရော.. တွေးရင်းမှတင်ပါးပင် စပ်ဖျင်းဖျင်းဖြစ်သွားရသည်။

"ပုံစံကြည့်ရတာ လိုက်မရဘူးဘဲ လေပြေ"

"အေး ငါအိမ်အလုပ်တွေကူပေးရဦးမှာကွ.. မင်းတို့ဘယ်သွားမလို့လဲ"

"လူပျိုလှည့်လေ ဟဲ ဟဲ"

အောင်ကျော့်ရဲ့စပ်ဖြဲဖြဲအသံကြောင့် လေပြေကခွန်ပြည့်ကိုလှမ်းကြည့်မိသွား၏။ ‌ခွန်ပြည့်လူပျိုလှည့်လိုတဲ့မိန်းကလေးဟာ ဘယ်သူများပါလိမ့်။ သေချာတာတော့ အိမေမဖြစ်နိုင်တော့။

"ဟဲ့.. လေပြေ မင်းစကားပြောလို့မပြီးနိုင်ဘူးလား.. ဒီကိုလာကူလှည့်ဦး"

သူငယ်ချင်းတွေရှေ့ပင်မရှောင်၊ မာန်မဲလွန်းနေသောလေပြေ့အမေကြောင့် ခွန်ပြည့်မျက်မှောင်လေးတစ်ချက်ကုပ်မိ၏။ လေပြေကတော့ခေါင်းလေးပုရင်း အမေစိတ်ဆိုးတော့မှာဘဲ လို့ ခပ်တိုးတိုးဆိုကာ နှုတ်ဆက်ပြီးတန်းနေအောင်လှည့်ထွက်သွားလေပြီ။

မောင့်လေပြေ (Completed)Where stories live. Discover now