အပိုင်း(၃၄)

1.1K 69 5
                                    

တစ်ယောက်နဲ့တစ်ယောက်အပြိုင်အော်ဟစ်ကြတဲ့ရန်ပွဲအဆုံး. သူမှားခဲ့ဖူးတဲ့အမှားတစ်ခုချင်းစီတိုင်းကို ခွန်ပြည့်ပြန်လည်စဥ်းစားနေမိ၏။ သူ့ကြောင့် မကြာခဏစိတ်ဆင်းရဲခဲ့တဲ့လေပြေမျက်နှာတစ်ခုချင်းစီတိုင်းကို ပြန်မြင်ယောင်လာရသလို။

လေပြေကိုထွေးပွေ့ထားခဲ့တဲ့သူ့ရင်ခွင်ထဲက ရနေကျမိန်းကလေးရေမွှေးနံ့ပေါင်းများစွာ. ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့လေပြေဟာ သူကိုယ်သူဘယ်လောက်သိမ်ငယ်နေခဲ့ရှာမလား. သူဟာ သူ့အတွက်ဘဲကြည့်ခဲ့တဲ့ကောင်။

လေပြေ ပြောသလို....မဟုတ်ဘူး လေပြေပြောတာထပ်ကို ပိုပြီးတစ်ကိုယ်ကောင်းဆန်ခဲ့မိတာ. လေပြေ့ဘ၀ထဲကို ဇွတ်နင်း၀င်ရောက်ခဲ့ပြီး လေပြေ့သိက္ခာတွေကို တစစီနင်းခြေပစ်ခဲ့တာ။

မိသားစုကြောင့် နာကျင်ခဲ့ရတဲ့ လေပြေ့ကို ကယ်တင်ပေးပါ့မယ်လို့ အသံကောင်းဟစ်ပြီး လူမသိ၊ သူမသိ လေပြေ့ကိုအနိုင်ကျင့်နှိပ်စက်နေမိခဲ့တာ။ မှားခဲ့တဲ့အမှားတိုင်းက ခွန်ပြည့်ကိုပြန်ဒဏ်ခတ်နေခဲ့သလို. ခုချိန်မှရတဲ့နောင်တက အသုံး၀င်သေးရဲ့လား သူမသိ. နားထဲကို လေပြေ့ရဲ့ငိုရှိုက်သံက ပူလောင်စွာတိုး၀င်လာသည်။

ဒူးပိုက်ကာမျက်နှာမှောက်ရင်း ငိုကြွေးနေတဲ့ လေပြေ. ခွန်ပြည့်ရင်ထဲပူလောင်သွား၏. သူ့ကိုသိပ်ချစ်တဲ့လေပြေဟာ သူ့ကိုလေသံမာမာဖြင့်ပင်ပြန်မအော်စဖူး. သူပြောသမျှကို ခါးစည်းခံခဲ့တာ. ဟင့်အင်း လေပြေ မောင့်ကိုမုန်းလို့မရဘူး. မောင့်မှာ လေပြေဘဲရှိတာ. လေပြေကပါ မောင့်ကိုမချစ်တော့ရင်..။

ခွန်ပြည့် လေပြေ့ရှေ့ဒူးထောက်ထိုင်ချလိုက်၏.. လေပြေ့ကိုယ်လေးကို အုပ်မိုးကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ လေပြေက အတင်းရုန်းကန်၏. မရဘူး. သူ့လိုကောင်မျိုးအတွက် လေပြေဟာခိုကိုးရာ. စိတ်ပျက်စရာကောင်းလွန်းတဲ့ဒီကမ္ဘာပေါ်မှာ သူ့ကိုမေတ္တာတွေနဲ့အမြဲလွှမ်းခြုံပေးမယ့် လေပြေ့ကိုသူလိုအပ်နေတုန်းဘဲ။

"ဟင့်အင်း"

"မောင့်ကို မမုန်းပါနဲ့"

"မောင် ငါ့အသားကိုမထိနဲ့"

မောင့်လေပြေ (Completed)Where stories live. Discover now