အပိုင်း(၃၁)

913 59 2
                                    

ရေချိုးပြီးထွက်လာချိန်မှာတော့ ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့လေပြေဟာ အခန့်သားပင်။ ဆံပင်ရေစိုကို တဘက်နှင့်ခပ်ကြမ်းကြမ်းသုတ်ရင်း လေပြေ့ကိုသေချာစိုက်ကြည့်နေမိ၏။ တကယ်ဘဲ အိပ်ပျော်သွားပြီလား။

တကယ်ဆို ဒီနေ့ကသူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးညလို့ ခေါ်ရမှာမလား. ဒီလိုနေ့မျိုးမှာတောင် လေပြေဟာဘာကိုမှစိတ်လှုပ်ရှားမှုမဖြစ်ဘဲ အိပ်နေနိုင်တာဘဲလား။

ခွန်ပြည့်အလိုမကျမှုကြောင့် ကုတင်ပေါ်ခပ်ကြမ်းကြမ်းတက်ရင်း လေပြေ့ပုခုံးစီလက်ရောက်သွားမိ၏။ သို့ရာတွင် လေပြေ့ရဲ့အိပ်မောကျနေတဲ့မျက်နှာလေး. ခွန်ပြည့်ခဏငေးသွားမိ၏။

ဒီလိုအိပ်မောကျနေတဲ့လေပြေ့မျက်နှာလေးကို သူအကြိမ်ပေါင်းများစွာ ငေးစက်ဖူးတယ်. လောကမှာအိပ်ရတာကိုအနှစ်သက်ဆုံးဖြစ်ပုံရတဲ့ဒီကောင်လေးဟာ ၉တန်းကတည်းက စာသင်ခုံပေါ်မှာ ဒီလိုဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်နေကြ..။

တစ်နေကုန်ခရီးကြမ်းကိုနှင်းခဲ့ကြတဲ့အပြင် ငိုရအောင်လဲ သူလုပ်လိုက်မိလိုက်သေးသည်။ ချက်ချင်းပင် မျက်ရည်တွေပြည့်လျှံနေတဲ့မျက်၀န်းလေးကိုပြန်မြင်ယောင်လာတာမို့  အိပ်ရာပေါ်ကအသာထလာလိုက်၏။

ပြတင်းနားမှာထိုင်ရင်း ဆေးလိပ်ဖွာကာ တွေးနေမိတာ သူတို့နှစ်ယောက်ရဲ့ရှေ့ရေး။ ခွန်ပြည့်ရဲ့မိသားစုက နွေးထွေးမှုမပေးနိုင်ပေမယ့် ကွက်လပ်တိုင်းကိုငွေပုံပေးပြီးဖြည့်ခဲ့ကြသောမိသားစုပီပီ ငွေလမ်းခင်းပြီးသားပင်။

လေပြေနဲ့လက်ထပ်မိတဲ့အတွက် ခဏတာအမေ့စီက စွန့်ပစ်ခံရပါစေဦးတော့.. လေပြေတစ်ယောက်ကိုတော့ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့အပူအပင်ကင်းအောင်ထားနိုင်၏။

အချိန်တန်လျှင်လည်း အမေမကျေနပ်ရင်တောင် အမေ့ရဲ့ပိုင်ဆိုင်မှုတွေဟာ တစ်ဦးတည်းသောသားဖြစ်သူ သူ့စီသို့သာ‌ရောက်ရှိလာမည်သာ.. ဒါတွေကပူစရာမရှိ။ အရေးကြီးတာက လေပြေ့နဲ့သူနဲ့ကြားဖြစ်လာမယ့် အငြင်းပွားစရာအချို့သာ။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တဲ့ကောင်လေးဟာ အလုပ်လုပ်ခွင့်ရဖို့ သူ့ကိုတပူပူ၊တဆူဆူ ညံဦးမည်မှာ အသေအချာ. ပြီးတော့ သူက လေပြေ့ကို အလုပ်လုပ်ခွင့်မပေးနိုင်မှာကလဲ ကျိန်းသေပင်.။

မောင့်လေပြေ (Completed)Where stories live. Discover now