အပိုင်း(၃၅)

1.2K 67 11
                                    

နံနက်ခင်းနေ‌ရောင်ခြည်က ခန်းဆီးအဖြူရောင်ကိုထိုးဖောက်ကာ သူတို့နှစ်ဦးထံသို့ကျဆင်းနေသည်။ ခွန်ပြည့်က လက်ထောက်၍ ချစ်ရသူ၏မျက်နှာကို ငေးစိုက်ကြည့်နေ၏။

ညက ခရီးပန်းလွန်းတာမို့ သူ‌ရော၊ လေပြေရော ညစာမစားဖြစ်ကြ။ ရေခဲသေတ္တာထဲတွင်ထည့်ထားသောမုန့်ဖြင့်ပင် ပြီးခဲ့ကြသည်။ မုန့်စားရင်းမျက်ခွံလေးတွေပိတ်ကျသွားတဲ့အထိရယ်လိုက်၊ စကားတွေတတိတိနဲ့ပြောလိုက်လုပ်နေတဲ့လေပြေကိုမြင်ရလေတော့ အစောကြီးကတည်းက လေပြေကိုသူနားလည်ပေးရမှာလို့တွေးရင်း နောင်တရမိသေးသည်။

တဖြည်းဖြည်းလူးလွန့်လာတဲ့ကိုယ်လေးကြောင့် သူ လေပြေ့ရဲ့နှာတံလေးကို အသာအယာဆွဲလိုက်၏..။ မျက်၀န်းပြာလေးတွေပွင့်လာပြီး လက်တွေနဲ့ပွတ်ဖို့ရွယ်နေတာမို့ လေပြေ့လက်တွေကို သူကဦးအောင်အရင်လှမ်းဖမ်းလိုက်ရင်း

"မျက်လုံးမပွတ်နဲ့ပြောလဲမရဘူးလားကွာ"

"မောင်က မျက်လုံးဖွင့်တာနဲ့ဆူတာဘဲ"

လေပြေက နှာခေါင်းလေးရှုံ့ရင်းပြောတော့ မောင်ကခပ်ဖွဖွပြုံးသော်လည်း လက်တွေကိုလွှတ်မပေးသေး။

"မောင်.. ဒီနေ့ငါတို့ဘယ်သွားကြမလဲဟင်"

"ဟင်. ဒီနေ့တော့မသွားနဲ့လေ. ဟိုတယ်မှာဘဲနှပ်နေလိုက်ဦး. လေပြေခရီးပန်းထားတယ်မလား"

"‌မနေ့ကနားပြီးပြီလေ မောင်ရ"

"မောင်တို့ကတစ်လလုံးနေမှာလေ လေပြေရ.. ဖြေးဖြေးပေါ့ ဟုတ်လား. နေရာစုံအောင် မောင်လိုက်ပို့မှာပေါ့။ ပြီးတော့ နောင်မောင်တို့အားရင်လဲ ခဏခဏလာကြမယ်လေ"

"တကယ်လား"

"ဒါပေါ့ မောင့်လေပြေလေးရ"

မောင်က အသည်းယားသလို လေပြေပါးလေးတွေကိုညှစ်ရင်းပြော၏. နဂိုကတည်းက အေးတဲ့ရာသီဥတုကိုကြိုက်၍ အအေးမိလွယ်သော လေပြေ့ပါးလေးတွေဟာ ရဲတက်လို့နေခဲ့လျက်။

"ငါတို့ မျှော်လင့်ခြင်းတောင်ကုန်းသွားမယ်နော် မောင်"

"အင်း"

"လွယ်မောင်းတောင်ရော"

"အင်း"

"ရေတံခွန်ရော"

မောင့်လေပြေ (Completed)Where stories live. Discover now