အပိုင်း(၂၂)

927 63 3
                                    

ပြတင်းပေါက်၌ ကြယ်တို့သည် တဖြည်းထက်တဖြည်းတောက်ပလာကာ ညဉ့်နက်ခြင်းကိုသက်သေထူကြ၏။ မှိတ်ပျောက်၊ မှိတ်ပျောက်ကြယ်တို့ဟာ အလင်းလယ်ဆုံးကြယ်တွေအဖြစ်ထွန်းတောက်ကုန်ကြသည်။

အောင်စာရင်းထွက်တဲ့ညကိုသတိရမိ၏။ ထိုညကလဲ ဒီလိုကောင်းကင်မှာကြယ်တွေဆုံရာမှာ ပျောက်ကွယ်ကာမိုးလင်းသွားတဲ့အထိ ပိုင်နဲ့လေပြေ အတူရှိနေခဲ့ကြ၏။ ထိုညက ဂုဏ်ထူးနှစ်ဘာသာ‌နဲ့ လေပြေစာမေးပွဲအောင်တဲ့အတွက် အပျော်ဆုံးလူဟာ အဖေပြီးရင် ပိုင်ဖြစ်လိမ့်မယ်။

မောင်ကရော. မောင်ကလဲ သိပ်ပျော်ရှာတာပါဘဲလေ။ လေပြေ့အတွက်ဆိုပြီး ဖုန်းတစ်လုံးလာပေးခဲ့ပေမယ့် အမေသိရင်အဆူခံရမယ်လို့ အကြောင်းပြပြီး‌လေပြေငြင်းလိုက်တယ်။ ဒါပေမယ့် ပိုင်၀ယ်ပေးတဲ့ဖုန်းလေးကိုတော့ လက်ခံဖြစ်ခဲ့တယ်။ အမေကိုယ်တိုင်ကပင် ပိုင်၀ယ်ပေးတာကိုလက်ခံရန် သူ့ကိုအတင်းတိုက်တွန်းခဲ့တာမ်ို့...။

"လေပြေ.. လေပြေ"

တံခါးသွားဖွင့်ပေးမိတော့ ပိုင်ကတံခါးဘောင်ကိုလက်ထောက်ရင်း မှီကာခပ်လျော့လျော့ရပ်နေခဲ့၏။

"နိုးနေတာဘဲ"

"ဘာဖြစ်လို့လဲ အကို"

"အကို အိပ်မရလို့"

ပိုင်ဟာ လေပြေ့ရဲ့တစ်နှစ်နီးပါးကြာတဲ့ချစ်သူဖြစ်လာခဲ့ပြီး မောင်ဟာ လေပြေ့ရဲ့နှစ်နှစ်ကျော်သက်တမ်းရင့်ချစ်သူတစ်ယောက်ဖြစ်ခဲ့၏။ လေပြေကတော့ နှစ်ယောက်ကြားဗျာများနေခဲ့ရတဲ့ စိတ်ပျက်စရာကောင်တစ်ယောက်ပေါ့။

"အင်း.. ကျွန်တော်ရောဘဲ"

"အောက်ဆင်းထိုင်ကြမလား"

လေပြေက ခေါင်းညိ့မ်ပြ‌တော့ နှစ်ယောက်သားအတူဆင်းလာကြ၏။ ညက အ‌မေနှင့်စိတ်ဆိုး၍ ပိုင်တို့အိမ်လာအိပ်ခြင်းဖြစ်သည်။ ပိုင့်ရဲ့သိမ်းသွင်းစကားများအောက် အန်တီဟာလဲ ပိုင်နဲ့လေပြေ့ရဲ့ဆက်နွယ်မှုကို အသိအမှတ်ပြုပေးခဲ့၏။

အထူးဆန်းဆုံးဟာ အမေက လေပြေ့ကိုပိုင်နဲ့ဆို သဘောတူတယ်လို့ ပြောခဲ့ခြင်းပင်။ လေပြေ့မှာ ပိုင်တစ်ယောက်သာရှိတော့တယ် လို့ သူတို့အားလုံး‌ယုံအောင်လဲ ပိုင်ကပိပိရိရိဖုံးကွယ်နိုင်ခဲ့တယ်။

မောင့်လေပြေ (Completed)Where stories live. Discover now