အပိုင်း(၁၈)

904 66 4
                                    

‌ဒေါက်..ဒေါက်။

အိပ်ရာ‌မှလေးကန်စွာထရင်း တံခါးသွားဖွင့်ပေးလိုက်တော့. အခန်း၀တွင်တောင့်တောင့်လေးရပ်နေတဲ့ကောင်လေး..။ မျှော်လင့်ထားပြီးဖြစ်ပေမဲ့ သူဟန်မဆောင်နိုင်စွာ ခပ်လျော့လျော့သာပြုံးပြမိသည်။

"ဖြေနိုင်ခဲ့လား ညီ"

"ဟုတ်.. ‌အကိုလာကြိုမယ်ထင်တာ"

"အကို နေသိပ်မကောင်းလို့လေ"

"ကျောင်းကအပြန်၀င်မေးသေးတယ်။ အန်တီလေးက အကိုအိပ်နေတယ်ဆိုလို့. အဲ့တာနဲ့ ကျူရှင်တန်းသွားလိုက်တာ. ကိုယ်တွေအရမ်းပူနေလား"

နဖူးပေါ်ရောက်ရှိလာတော့မဲ့လေပြေ့လက်တွေကို   လေထဲမှာဘဲ သူတားလိုက်မိ၏။ လိမ်လိုက်တာမို့ ကိုယ်ကလဲပူစရာအကြောင်းမရှိသလို. လေပြေ့လက်နွေးတေးတေးလေးရဲ့ယုယမှုကိုလဲ မခံယူလို။ သူဟာ လေပြေမပြုစားခင်ကတည်းက လေပြေ့ထံသို့အလိုအလျောက်ကြွေဆင်းခဲ့ပြီးသား ယောင်္ကျားတစ်ယောက်ဖြစ်တာမို့. လေပြေထပ်ပြုစားလာတဲ့အခါ ရူးသွပ်ရမှုကြောင့်မလုပ်သင့်တာတွေ လုပ်မိလာနိုင်သည်။

"ရပါတယ်. သိပ်မပူပါဘူး"

လေပြေက မျက်နှာပူသွားဟန်ဖြင့် သူ့လက်လေးကိုပြန်ရုတ်၏။ ထို့နောက်လက်ထဲကမေးခွန်းစာရွက်လေးကို သူ့ထံထိုးပေးကာ

"ဒီနေ့ ဖြေနိုင်တယ်. အဖြေနိုင်ဆုံးဘဲ"

"Chemistry က လေပြေအကြိုက်ဆုံးဘာသာရပ်ဘဲကို"

လေပြေက သွားစွယ်လေးတွေပါပေါ်အောင်ရယ်ရင်း ပုခုံးလေးပင့်ပြ၏။

"အောက်ကရေခဲသေတ္တာထဲမှာ ချောကလက်ကိတ်ရှိတယ် သွားယူပြီးစားလိုက်. လေပြေ့အတွက် ၀ယ်လာတာ"

"ဟေး.. ဒါမှအကိုကွ"

‌အခန်းထဲမှ ခုန်ပေါက်ကာထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း ပိုင်ခေါင်းခပ်ဖြေးဖြေးခါမိလိုက်၏။ အမေတစ်ခုခုလုပ်ပေးရင် အဲ့တာကြောင့်အန်တီ‌လေးကိုချစ်တာလို့ အော်တတ်ပြီး ပိုင့်ကိုကျ ဒါမှအကိုကွလို့ ပြောင်းအော်တတ်သောကောင်လေးရဲ့အသိစိတ်ဟာ သူ့ချစ်သူအပေါ်မှာစည်းစောင့်လှ၏။

မောင့်လေပြေ (Completed)Where stories live. Discover now