အပိုင်း(၂၇)

1K 74 7
                                    

"ညီ"

ခပ်တိုးတိုးခေါ်သံနဲ့အတူ ပွေ့ဖက်လာတဲ့လက်တွေ..။ ပိုင့်ရဲ့ခပ်နွေးနွေးမျက်၀န်းတွေကညံ့သက်စွာကြည့်ရင်းမှ လေပြေ့ကိုယ်လေးကို ပင့်ထူပေး၏။

"ထနော်. အကိုတို့ပြန်ကြမယ်"

လေပြေ့ရဲ့ကျောပိုးအိတ်လေးကို ပြောင်းလွယ်ပေးရင်း လေပြေ့ခေါင်းလေးကိုအုပ်ကိုင်ဖွ၏။ လေပြေ့ရဲ့နီစပ်နေတဲ့မျက်၀န်းလေးကို မကြည့်မိအောင် ကြိုးစားထိန်းနေခဲ့ဟန်။

"ကျေနပ်ပြီလား အခု"

ပိုင်က နားမလည်သလို လေပြေ့ကိုကြည့်လာတာမို့ နာကျည်းစွာခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်မိ၏။ မောင့်ကိုဆုံးရှုံးမှုအတွက် အပြစ်ပုံချဖို့လူတစ်ယောက် လေပြေ့မှာအလောတကြီးလိုအပ်နေခဲ့တာ..။

"ကျေနပ်လား. မောင်နဲ့ကျွန်တော် အခုလိုကွဲသွားတော့ အကိုကျေနပ်ပြီလားလို့လေ"

"ညီ. ဘာပြောချင်တာ"

"မောင်နဲ့ကျွန်တော် အခုလိုကွဲရတာ အကို့ကြောင့်ဘဲ"

ဝေ့ဝဲကျလာတဲ့မျက်၀န်းအိမ်မှာမျက်ရည်စတွေကို လက်ခုံနဲ့သုတ်ချရင်း လေပြေ့ကခပ်ကြမ်းကြမ်းအော်ဟစ်နေပြန်တာမို့ ပိုင်ပြုံးမိ၏။ ချစ်ရတဲ့ကောင်လေးက တခြားတစ်ယောက်အတွက် သူ့ရှေ့မှာအသိစိတ်မဲ့သလိုပြုမူ‌နိုင်တာဘဲ..။

"ပြန်ရအောင်"

"မပြန်ဘူး. ခင်ဗျားလဲ ခင်ဗျားလမ်းပြန်၊ ကျွန်တော်လဲ ကျွန်တော့်ဘာသာသွားချင်တဲ့နေရာသွားမယ်"

"လေပြေလျှမ်းခ!!"

"ကျွန်တော့်ကိုလာမအော်နဲ့..ခင်‌ဗျားခုသိပ်ပျော်နေမှာပေါ့. မောင်ကကျွန်တော့်ကိုထားသွားပြီမို့ ခင်‌ဗျားကိုဘဲလက်ထပ်ရတော့မယ်လို့တွေးနေပြီမလား..လဲသေလိုက် သိလား။ ကျွန်တော် ခင်ဗျားကိုဘယ်တော့မှလက်မထပ်ဘူး!!"

လေပြေက ခပ်ရမ်းရမ်းလေးအော်ဟစ်ပစ်ပြီးမှ ပိုင့်လက်ထဲကအိတ်ကိုဆွဲယူရန်ပြင်တာမို့ ပိုင်ကခပ်တင်းတင်းပြန်ဆွဲလိုက်ရင်း

"ငါ့ရှေ့မှာ ဒီလိုပြုမူနေတာ မင်းအားမနာတတ်ဘူးလား လေပြေ. မင်းကောင်ထွက်သွားလို့ မင်းသေမတတ်၀မ်းနည်းနေတယ်ဆိုရင်တောင် မင်းကြိတ်မှိတ်ခံစားရမယ်ဆိုတာကိုရော သိလား!!"

မောင့်လေပြေ (Completed)Where stories live. Discover now