အပိုင်း(၁၀)

1.2K 73 1
                                    

အချိန်ကား ဆယ့်တစ်နာရီ.လေးဆယ့်ငါးမိနစ်..။

အတန်းတွေတစ်တန်းပြီးတစ်တန်းဆင်းကြပြီးနောက် လေပြေတို့အတန်းလေးအလှည့်ကျလာ၏။ လေပြေဟာမုန့်စား‌ဆင်းချိန်ပြဿနာတက်ပြီးကတည်းက မှုန်ကုတ်နေသော‌ခွန်ပြည့်မျက်နှာကို အရိပ်တကြည့်ကြည့်.။

အတန်းထဲကသူငယ်ချင်းများကြား လွယ်အိတ်လိမ္မော်ရောင်လေးကိုလျော့ရဲရဲ၀တ်ထားတဲ့ခွန်ပြည့်ဟာထင်းလျက်.။ လေပြေကဘုန်းခန့်နဲ့အတူယှဉ်လျှောက်လာရင်း ခွန်ပြည့်ကိုဘယ်လိုစကားလှမ်းပြောရမလဲစဉ်းစားနေမိသလို ဥပေက္ခာပြုခံရမှာလဲကြောက်နေမိ၏။

ကျောင်းတံခါးကိုဖြတ်ကျော်ချိန်ထိခွန်ပြည့်ကိုစကားတစ်ခွန်းမစနိုင်ဘဲ ကျောပြင်ကျယ်ကိုသာခပ်ငေးငေးလှမ်းကြည့်နေမိ၏။ ခွန်ပြည့်နဲ့သူခွဲရမယ့်လမ်းခွဲနားရောက်ချိန်မှာတော့ ‌ရုတ်တရက်လှည့်ကြည့်သောခွန်ပြည့်နဲ့အကြည့်ဆုံခိုက်မှာဘဲ ဘုန်းခန့်ကလဲနှုတ်ဆက်ကာလမ်းခွဲသွားသည်။ ထိုနေ့တွင် အောင်ကျော်ကဖျားတာမို့ကျောင်းမလာချေ.။

နှစ်ယောက်သားစိုက်ကြည့်နေခဲ့မိတာအချိန်အတော်ကြာသွားပေမဲ့ ခွန်ပြည့်ကအရင်ဆုံးအကြည့်လွှဲရင်းလှည့်ထွက်သွား၏။ လေပြေ့ရင်ထဲ ၀မ်းနည်းစိတ်ကလေးလှိုက်တက်လာရသည်။ 

ဘာလို့စပြီးမတောင်းပန်နိုင်ရတာလဲလို့ကိုယ့်ဘာသာအပြစ်တင်မိသလို. ဘာကြောင့်သူကစတောင်းပန်သင့်ပါသလဲလို့ပြန်စဉ်းစားနေမိ၏။ တည်ပသောအဖြေကရှာမတွေ့. သို့သော်ခွန်ပြည့်စိတ်ဆိုးမှာကြောက်တဲ့စိတ်ကတော့ ရင်ကိုပို၍လှိုက်ပူလာစေသည်။

ခပ်ဝေးဝေးထိရောက်သွားတဲ့ကျောပြင်ကျယ်ဟာပြန်မလှည့်လာတော့. ထို့နောက် ထိုကျောပြင်လေးနားကပ်သွားသောဆွယ်တာအနက်ပါးလေးနှင့်မိန်းကလေးတစ်ယောက်။ ကောင်မလေးထံစောင်းငဲ့ကြည့်ရင်းပြုံးသောအပြုံးကိုမြင်ရ၏။

လေပြေထိုနေရာမှအမြန်ဆုံးလှည့်ပြေးလာမိ၏။ ရင်ထဲမှာလှိုက်ငိုချင်လာသလိုလဲ ခံစားလာရပြန်သည်။ ၉တန်းကျောင်းသားဖြစ်တဲ့လေပြေဟာ ခံစားချက်တစ်ခုကိုအတည်ပြုမိ၏။ သို့သော် ခေါင်းလေးကိုချက်ချင်းခါလိုက်မိရင်း မဖြစ်နိုင်ဘူးလို့ ငြင်းဆန်မိသည်။

မောင့်လေပြေ (Completed)Where stories live. Discover now