အပိုင်း(၃၃)

1K 65 6
                                    

ရွက်ဖျင်တဲထိုးပြီးသည်အထိ လေပြေက ရေတံခွန်နားက သစ်သားခုံတန်းလေးနားကမထ.ရေလဲမဆော့။ သူတို့အနားလဲကပ်မလာတာမို့ စိတ်ဆိုးသွားပြီမှာအသေအချာ. ဦးလေးက ‌ဒေသထွက်ကော်ဖီဖျော်ဖို့ မီးမွှေးနေချိန်မှာ ခွန်ပြည့်ကဖုန်းကလိနေ၏။

အင်တာနက်မရ. ဖုန်းလိုင်းမမိတဲ့နေရာမို့ ဘာမှထွေထွေထူးထူးကြည့်စရာမရှိ. ဖုန်းကိုဖွင့်လိုက်၊ပိတ်လိုက်လုပ်ကာ Screen ပေါ်က လေပြေ့ပုံကိုထိုင်ကြည့်နေရုံ.။ မလှမ်းမကမ်းမှာ လူအကောင်လိုက်လေးထိုင်နေတယ်ဆိုပေမယ့် လူကသူ့ကိုစိတ်ဆိုးနေတာမို့ ပုံထဲကပြုံးရယ်နေတဲ့ကောင်လေးကိုသာ ထိုင်ကြည့်နေလိုက်၏။

"တူကြီး. ဟိုသူငယ်ကို သွားခေါ်လှည့်လေ. ကော်ဖီသောက်ရအောင်"

"အမ်း. ရတယ် ဦးလေး သူရေဆော့မှာ"

"ဆော့မယ်ဆိုလဲ ခုဆော့ခိုင်းကွ. တော်ကြာအေးလာတော့မှာ. ညနေစောင်းရင် ဆော့မကောင်းဘူး"

ခွန်ပြည့်က မှောင်လာတော့မယ့်ရာသီဥတုနဲ့ ပေကပ်ထိုင်နေတဲ့လေပြေ့ကို တစ်လှည့်စီကြည့်မိ၏. ဒီသူပုန်အသေးစားလေးဟာ ပုံထဲကလိုအမြဲရယ်နေရင် ဘယ်လောက်ကောင်းမလဲ.။ သူ့စိတ်က ချော့ချင်တဲ့စိတ်ထွေထွေထူးထူးမရှိလှပေမယ့် လူကြီးစကားနားထောင်ပြီး သွားချေ့ာရမယ်မဟုတ်ပါလား။ ဟုတ်တယ်. ငါချော့ချင်လို့ချော့တာမဟုတ်ဘူး. ဦးလေးကို အားနာလို့..။

ခွန်ပြည့် ကိုယ့်ကိုကိုယ်အားပေးကာနေရာမှအထ. လေပြေကလည်း သူ့နေရာကထလာတာမို့ ခပ်မြန်မြန်ပြန်ထိုင်ချရင်း ဖုန်းပြန်ကြည့်နေလိုက်၏။

လေပြေက သူ့စီလျှောက်လာသလိုရှိပေမယ့် သူ့ကိုကျော်သွားတာမို့

"ဘယ်သွားမို့လဲ"

"ဘယ်သွားသွား"

လေပြေက သူ့ကိုပြန်အော်ရင်း ရွက်ဖျင်တဲထဲ၀င်သွား၏. ရွက်ဖျင်တဲက ဦးလေးကတစ်လုံး. သူတို့နှစ်ယောက်သက်သက်ကတစ်လုံး.လေပြေ၀င်ဖို့ပြင်နေတာက ဦးလေးတဲမို့ ခွန်ပြည့်ကပြေးသွားကာ လှမ်းဆွဲလိုက်တော့

"ငါ့ကိုလွှတ်. ငါပြန်မှာ"

"အင်း လေပြေက ဘယ်ပြန်မှာလဲ"

မောင့်လေပြေ (Completed)Where stories live. Discover now