အပိုင်း(၁၇)

889 61 2
                                    

ကျောင်းထဲသို့တရွေ့ရွေ့၀င်ရောက်နေကြသောကျောင်းသူ၊ကျောင်းသားများ။ လေပြေဟာလဲစိတ်လှုပ်ရှားစွာဖြင့် ကျောင်းထဲသို့၀င်ရန်ပြင်ပြီးနောက်ကိုလှည့်ကြည့်မိတော့ ပိုင်ကလက်လှမ်းပြရင်း သေချာဖြေခဲ့ဖို့ လှမ်းအော်၏။

ကိုယ့်ကျောင်းမှာဘဲ ကိုယ်ဖြေရတာကိုအကြောင်းပြ၍ အမေကလိုက်မပို့သော်လည်း ပိုင်နဲ့ပိုင့်အမေက အားတဲ့လူလိုက်ပို့တတ်တာမို့ ဒီနေ့ပိုင်လိုက်ပို့ခြင်းဖြစ်သည်။ သူငယ်ချင်းတွေမြင်မှာကိုစိုးမိသောကြောင့် ပိုင်လိုက်ပို့တဲ့နေ့တွေဆို လေပြေအပြင်မှာအကြာကြီးမနေဘဲ အထဲတန်း၀င်လာတတ်၏။

ပိုင့်ကိုလိုက်ပို့စေချင်သလို. ခွန်ပြည့်ပြန်သိမှာကြောက်တဲ့စိတ်ဟာလဲကြီးစိုးနေတာမို့ လေပြေဟာစိတ်နှစ်ခွနဲ့ လူသားလေးဖြစ်နေခဲ့ရ၏။ ပိုင့်ရဲ့ဂရုစိုက်တတ်မှုတွေအပေါ်မှာ သာယာနေခဲ့မိတာကိုတော့ မငြင်းလို၊ သောက်လေ.သောက်လေ ငတ်မပြေတဲ့ပင်လယ်ရေကဲ့သို့ ‌ပိုင့်ရဲ့ဂရုစိုက်မှုတွေကို လေပြေတောင့်တနေတတ်ခဲ့ပြီ။

"ရိုးရိုးသားသားဖြေကြနော်. ခိုးချတာမိရင်မလွယ်ဘူး မှတ်"

ဆရာမရဲ့အသံကြောင့် လေပြေအတွေးစတွေပြတ်တောက်သွားရ၏။ ဘုန်းခန့်ကိုစိုးရိမ်မိသွားသလို၊‌ အောင်ကျော်ကိုလဲ ပူပန်နေမိသည်။ မောင့်ကိုလဲ သတိရသွားရသည်။ အိမ်မက်ထဲကလန့်နိုးသူလို ဖြစ်လာရ၏။

ပိုင်ဟာ လေပြေ့အိမ်မက်ထဲတွင်နေပြီး မောင်ဟာ လေပြေ့လက်တွေ့ဘ၀တွေနေသူဖြစ်သည်။ မောင်သည်သာ လေပြေ့ကိုပိုင်သူဖြစ်၏။ မောင့်အပေါ်ကို လေပြေသစ္စာစောင့်သိရမည်။

မောင့်ကို လေပြေဟာသိပ်ချစ်မိတဲ့အတွက် ‌မောင့်ကိုသစ္စာစောင့်သိရမယ့် အစေအပါးလေးတစ်ဦးဖြစ်ခဲ့လေပြီ။

... 💜 ...

"ဖြေနိုင်လား ညီ"

ပိုင်က မေးခွန်းစာရွက်ကိုစစ်ရင်းမေး၏။ လေပြေက ဒီနေ့မှစောစောစီးစီးအိပ်ချင်နေပြီမို့ တဝါးဝါးသမ်းရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ပိုင်က လေပြေ့ကိုကြည့်ပြီး ခပ်ရေးရေးပြုံးကာ

မောင့်လေပြေ (Completed)Where stories live. Discover now