အပိုင်း(၇)

1.1K 71 1
                                    

"လာ စက်ဘီးပေါ်တက်"

"ဘယ်သွားမို့လဲ"

"တစ်နေရာရာပေါ့"

ခွန်ပြည့်ကစိတ်မရှည်စွာ လေပြေရဲ့လွယ်အိတ်ကိုဖြုတ်ယူရန်ကြိုးစားတော့ လေပြေကပြန်‌ဆွဲထားရင်းမှ

"ငါ့အမေကိုမပြောရသေးဘူးလေ"

"မင်းအဖေပြောလိုက်မယ်.. ငါပြောခဲ့တယ်။ လာကွာ တက်စမ်းပါ မင်းအဆူမခံရစေဘူး.. ပြီးတော့ငါမင်းကိုမရောင်းစားဘူး လာ"

လွယ်အိတ်ကိုဆွဲယူရင်း ခြင်းထဲထည့်ကာ လက်တစ်ဖက်ကိုလှမ်းဆွဲပြီး သူ့စက်ဘီးနားစောင့်ဆွဲလိုက်မှ သူ့နောက်ကျောဘက်သိုယို့ယို့လေး၀င်ထိုင်၏။

"အဖေကဘာတဲ့လဲ.. မင်းဘယ်လိုပြောခဲ့တာလဲ"

"အချိန်ပိုလို့မင်းအမေကိုပြောပေးမယ်တဲ့.. ငါ့မွေးနေ့မို့သူငယ်ချင်းတွေစုပြီးမုန့်စားမယ်လို့ပြောခဲ့တာ"

"ဟမ်.. ဒီနေ့မင်းမွေးနေ့လား"

"မဟုတ်ပါဘူးကွာ.. မင်းကိုခေါ်လို့ရအောင် လိမ်ခဲ့တာ။ ငါ့မွေးနေ့ကသုံးလပိုင်းထဲမှာ ပြီးတာကြာပေါ့"

ကျွီ..။

"အာ့"

"နာသွားလား.. ကလေးကဖြတ်ပြေး၀င်လာလို့ကွာ"

စက်ဘီးကိုအမြန်ရပ်လိုက်တာမို့ မိမိကျောကိုခေါင်းနှင့်လာတိုက်မိသွားတဲ့လေပြေ့ကြောင့် ပြန်လှည့်ကြည့်ပြီးပြောမိတော့ခေါင်းလေးကိုပြန်ပွတ်နေရင်းမှ သူ့ကိုမော့ကြည့်ရင်း

"မင်းကျောရော.."

သူ့ကျောကိုလာရောက်ထိတွေ့တဲ့လက်သေးသေးလေးတွေ.. သူစိတ်လွတ်ရင်း လုပ်မိလုပ်ရာ လက်သေးသေးလေးတစ်ဖက်ကိုယူရင်း သူ့ခါးရှေ့ကိုဖက်ခိုင်းလိုက်မိ၏။

"သေချာဖက်ထား.. နောက်တခါငါကျောအနာမခံချင်ဘူး"

"ဟင်.. အင်း အင်း"

သူ့ခါးရှေ့မှလက်လေးကိုပြန်ရုတ်လိုက်ပေမဲ့ လက်လေးနှစ်ဖက်လုံးကသူ့အင်္ကျီခါးစလေးနှစ်ဖက်ကို တင်းတင်းလေးလာဆုပ်ကိုင်တာမို့ သူပြုံးလိုက်မိ၏။

သူ့စက်ဘီးနောက်ခုံပေါ်စီးပြီး သူ့ခါးကိုဖက်ခဲ့ကြတဲ့ဘယ်မိန်းကလေးအတွက်မှ သူမပြုံးခဲ့ဖူးချေ။ ဤအပြုံးသည် လေပြေ့ဆိုသောလူသားလေးကြောင့် ပထမဆုံးဖြစ်တည်၏။

မောင့်လေပြေ (Completed)Where stories live. Discover now