အပိုင်း(၃)

1.5K 85 4
                                    

ခေါက်ထီးအမည်းလေးကိုဆောင်းရင်းမိုးရွာထဲလျှောက်လာမိတော့ ကတ္တီပါဖိနပ်စုတ်လေးပေါ်ရေစက်တွေကလွင့်စင်လျက်။ ခေါက်ထီးကောင်းလေးတစ်ချောင်းရှိ၍သာတော်သေး၏။

ကျောင်းခန်းထဲ၀င်လာခိုက်မှာတော့ ထိပ်ဆုံးတန်းမှာထိုင်နေတဲ့ကောင်မလေးနားမှာရပ်နေတဲ့ခွန်ပြည့်။ တစ်ချက်မျှလှမ်းကြည့်ကာအကြည့်လွှဲရင်း အခန်းအောက်ဘက်နေရာလွတ်တွင်ထီးလှမ်းထားဖို့ရွယ်‌မိရာမှပြန်ရုတ်ကာရေစိုအတိုင်းပြန်ပိတ်ကာ ထီးပုံးထဲပင်ထည့်လိုက်၏။

မျောက်လောင်းတွေကြောင့်ကျိုးသွားရင် အသစ်ပြန်၀ယ်ဖို့ကမလွယ်တာမို့..။

"လေပြေ.. ဒီနေ့ငါတို့အသင်းနေ့လေ၊ နောက်နေ့နင်စောစောလာဦး"

"အော်.. အေး"

အနားလာရပ်ခါပြောတဲ့အသင်းကကောင်မလေးကိုခေါင်းပါညိမ့်ပြလိုက်မှ ပြန်လှည့်ထွက်သွားလေပြီ။ ဒီနေ့ကသူတို့အသင်း.. အနော်ရထာသင်း။

"သားကြီး"

သူတို့တန်းနဲ့ယှဉ်လျက်အတန်းမှာ ခဏလာထိုင်သောခွန်းပြည့်..။ အောင်ကျော်ထက်ကိုခေါ်တာပေမဲ့ဖျက်ခနဲကြည့်မိတဲ့သူ့အကြည့်တို့နှင့် အကြည့်ချင်းဆုံဖြစ်အောင်ဆုံမိသေးသည်။

"မင်း အိသဇင်နဲ့တွေ့ဖြစ်သေးလား"

"တော်ပြီလေကွာ.. ပြီးပြီဘဲ"

ခွန်းပြည့်ကအပေါ်စီးဆန်စွာ ခပ်ဟဟရီရင်းပြော၏။ လေပြေစိတ်ထဲ ခွန်းပြည့်ရဲ့ပြောဟန်၊ဆိုဟန်တိုင်းက အထက်စီးဆန်လွန်းတယ်လို့ မှတ်ချက်ချလိုက်တယ်။

"အဲ့တော့ ဒီနှစ်အတွက် မင်းဇယားက ဖူးပွင့်လား"

အောင်ကျော်ထက်ကရှေ့ဆုံးတန်းက Monitressကိုမေးဆတ်ပြရင်း ရယ်ကျဲကျဲပြောတော့

"တစ်လလေ အောင်ကျော်ရ.. တစ်နှစ်ဆိုပျင်းစရာကြီး"

သူ့မျက်ခုံးလေးမသိမသာကျူံ့မိလိုက်မိသည်။ ဒါဘယ်လိုအောက်တန်းကျတဲ့စကားလုံးမျိုးပါလိမ့်။ မိန်းက‌လေးတစ်ယောက်ကို တစ်လဘဲတွဲမတဲ့လား။

"မင်းဘယ်လိုကပ်လဲ"

"ဘယ်ကသာကွာ.. သူက လွတ်သွားတဲ့စာတွေအတွက်စာအုပ်ငှားမလားမေးလို့သွားယူတာ၊ သူကူးပေးမယ်ဆိုပြီးယူထားလိုက်တာဘဲ"

မောင့်လေပြေ (Completed)Where stories live. Discover now