အပိုင်း(၂၈)

1K 69 5
                                    

အောင်ကျော်နဲ့စကားဆိုပြီးတဲ့နောက်မှာတော့ နှစ်နဲ့ချီပြီးမရောက်ဖြစ်ခဲ့တဲ့ လေပြေနေထိုင်ရာရပ်ကွက်လေးဆီသို့ ခွန်ပြည့်ရောက်လာဖြစ်ခဲ့သည်။ လေပြေတစ်ယောက်ကိုယုံစားမိလွန်း၍လမ်းထဲသို့လိုက်မလာဖြစ်ခဲ့မိတဲ့အပေါ်  သူနောင်တရနေခဲ့ရပြီ။

လမ်းထိပ်တည့်တည့်က တိုက်ခံအိမ်လေးကိုစက်ဆုပ်စွာလှမ်းကြည့်ဖြစ်ခဲ့သည်။ သူ့ရင်ထဲကကောင်လေးကို မရမကယူထုတ်နိုင်ခဲ့တဲ့အတွက် အောင်နိုင်သူလိုပျော်ပါးနေပြီလား။ အဟက်! ပွဲမပြီးသေးဘူး.. ပြီးတော့ ဒီကောင့်ကိုအောင်ပွဲခံခွင့်သူမပေးနိုင်သေးဘူး။

မိုးပြာရောင်Shirtလေး‌နဲ့ကောင်ငယ်လေးကိုလှမ်းမြင်ရတော့ ရုတ်တရက်စက်ဘီးကိုရပ်ချပစ်လိုက်မိတယ်။ ဘယ်လောက်ချစ်ရတာမတန်တဲ့ကောင်လေးလဲ.. ငါ မင်းကိုတခြားကောင်ရင်ခွင်မှာပျော်ပါးခွင့်မပေးနိုင်သေးဘူး လေပြေ။

ငါ့နောက်မှာ ဖောက်ပြန်ခဲ့တဲ့မင်းကို စိတ်ဆင်းရဲအောင် ငါအဆုံးထိနှိပ်စက်ပစ်ဦးမှာ...။

"မောင်.."

"အင်း"

သူ့စက်ဘီးနားကို အပြေးလေးရောက်လာတဲ့ကောင်လေးကိုတချက်မျှအသိအမှတ်ပြုရင်း ခေါင်းညိတ်ပြလိုက်၏။

"မောင်.. ငါ"

"ကျစ်.. တိတ်စမ်းပါ လေပြေရာ. ငါပြောတာဘဲ မင်းနားထောင်"

"ဟဲ့.. ဘယ်သူတုန်း အော်"

လေပြေ့အမေ့ရဲ့ကြိုဆိုသံက ခွန်ပြည့်ကိုအလိုမကျစွာပင် ဆီးကြိုလာ၏။ ခွန်ပြည့်ကလဲ မထီမဲ့မြင်သာပြုရင်း လေပြေ့ခေါင်းလေးကိုခပ်ဖွဖွလှမ်းပုတ်လိုက်ကာ

"မောင်နဲ့ခဏလိုက်ခဲ့နော်. လာ တက်"

"ဟဲ့.. ဘာပြောတာ. ငါ့သားကိုဘယ်ခေါ်သွားဦးမလဲ။ လေပြေ မင်းမလိုက်သွားရဘူး. တအောင့်နေ သားပိုင်ပြန်လာတော့မှာမလား။ မင်းကို လာရှာနေလိမ့်မယ်"

ခွန်ပြည့် အံ့ကိုသာကြိတ်လိုက်မိ၏။ သားပိုင်တဲ့လား..။ ဒီမိန်းမကြီးက ဟိုကောင့်ကိုကျ သိပ်သဘောကျနေတာပါဘဲလား။

"လေပြေ မင်းလိုက်မှာလား. မလိုက်ဘူးလား။ နောက်ဆို မောင်ဘယ်တော့မှအားတော့မှာမဟုတ်ဘူးနော်"

မောင့်လေပြေ (Completed)Where stories live. Discover now