အပိုင်း(၁၅)

1K 62 0
                                    

ကြယ်ဘူးလေးထဲတွင် ကြယ်လေးတွေဟာအရောင်စုံစွာလှပနေခဲ့၏။ ကြယ်ဘူးပေါ်တွင် လေပြေလက်မှတ်လေးနေရာယူထားသည်။ ဒါဟာ သုတကိုအကူအညီတောင်းရင်း လေပြေ့ထံမှတစ်ဖက်လှည့်နဲ့ သူရယူခဲ့ရတဲ့အမှတ်တရလေးတစ်ခု..။

ကြယ်ဘူးလေးကိုစားပွဲပေါ်ပြန်တင်ပြီး သူ့ဖုန်းလေးကိုလှမ်းယူလိုက်၏။ ကျောပြင်ငယ်လေးတစ်ခုကိုရိုက်ထားတဲ့ Wallpaper လေးတင်ထားခဲ့တဲ့ဖုန်း Lockကိုဖွင့်ပြီးနောက်မှာတော့ Gallery တွင်နေရာယူထားသော လေပြေ့ပုံတွေ..။ အောင်ကျော်တို့နဲ့စကား‌ပြောနေတဲ့ပုံ၊ Corridorထွက်ရပ်ရင်းငေးနေခဲ့တဲ့ပုံ.. အများစုမှာအိပ်ပျော်နေတဲ့ပုံနှင့် ကျောပြင်ပုံလေး‌တွေချည်း..။

လေပြေဟာ သူ့ဖုန်း Gralleryထဲနေရာ၀င်ယူခွင့်ရတဲ့ ပထမဆုံးလူသားလေးဖြစ်သလို.. အလွမ်းရဆုံးကောင်လေးလဲဖြစ်သည်။ ပြီးတော့ သူ့အတွက်လေပြေဟာ အန္တရယ်အများဆုံးကောင်လေးဖြစ်၏။

လေပြေ့ကိုစတွေ့ခါစကတည်းကပင် သူသတိပြုမိခဲ့သည်။ လေပြေ့အတွက် အတန်းထဲတွင်စာအတော်ဆုံးကောင်လေး၊ အအိပ်မက်ဆုံးကောင်လေး.. စသဖြင့်ဂုဏ်ပုဒ်‌လေးတွေရှိပေမယ့် သူ့အတွက်ကတော့ စွဲလမ်းစရာအကောင်းဆုံးကောင်လေးဖြစ်သည်။ ကျောပြင်လေးကိုငေးနေရခြင်းကပင် သူသောက်နေကျဆေးလိပ်တွေထက် သူ့ကိုပိုဆွဲ‌ဆောင်နိုင်၏။

ဒီလိုမျိုးခံစားရခြင်းတွေကို သူတကယ်သဘောမကျ. ဒါပေမဲ့ လေပြေ့ကိုမြင်တိုင်း ထိုသဘောမကျမှုတွေဟာ လေလိုပျောက်ကွယ်သွားတတ်သည်။ မျက်လုံးပြာကြီးထဲတွင် မျက်ရည်ဥများတွဲခိုလာတဲ့အခါမျိုးမှာ သူဟာအရာရာကိုဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေခဲ့၏။

ဒါပေမဲ့ သူဟာဘယ်အရာကိုမှ မစွဲလမ်းလိုသူဖြစ်သည်။

ဆေးလိပ်ကို သိပ်စွဲလမ်းပေမယ့် သူ့ရဲ့ရည်မှန်းချက်အတွက် သူစွန့်လွှတ်နိုင်တယ်..။

လေပြေ့ကိုစွဲလမ်းမိခဲ့ပေမဲ့ တခြားမိန်းမတွေနဲ့တွေ့ရင် ခေတ္တမျှမေ့နိုင်တယ်..။

မမေ့နိုင်တော့လဲ ဘာအရေးလဲ. လေပြေဟာ သူ့အပိုင်ဖြစ်တာမို့ သူအချိန်မရွေးသွားတွေ့နိုင်တယ်။

မောင့်လေပြေ (Completed)Where stories live. Discover now