အပိုင်း(၂၅)

972 70 6
                                    

Center တစ်ခုရဲ့ Second floor မှာဖွင့်ထားတဲ့ သူတို့ဆိုင်လေးတွင် လူပြတ်တယ်ရယ်မရှိ။ နေ့တိုင်းလိုလူများတတ်ပေမဲ့ စနေ၊တနင်္ဂနွေလိုပိတ်ရက်တွေမှာလူတွေပုံထပ်လို့နေခဲ့၏။

ဗုဒ္ဓဟူးနေ့လို့နေမျိုးသာ လူနည်းနည်းပါးတယ်လို့ထင်ရပေမဲ့ အယူမသီးတော့တဲ့မိန်းမငယ်နဲ့ယောင်္ကျားလေးတွေကတော့ လာရောက်ဆံသကြမြဲ။ လူပါးသယောင်ရှိတာမို့ အသစ်၀န်ထမ်းမလေးကို တစ်ယောက်တစ်ပေါက်သင်ပြနေကြ၏။

"ဆံပင်လွှာကိုဆွဲပြီးယူ"

"အဲ့လိုကျ တုံးတိကြီးဖြစ်နေမှာပေါ့"

"အစွယ်ညှပ်ချလေ"

လေပြေကတော့ ခုံပေါ်ထိုင်ရင်း ခပ်ငေးငေးလုပ်နေခဲ့လျက်။ အရွယ်တူလေးတွေချည်းဖွဲ့စည်းထားသောသူတို့ဆိုင်တွင် ဧည့်ပါးချိန်ဆို ဒီလိုပင်သောသောညံလေ့ရှိသည်။

"No.2 နဲ့ညှပ်မှာ‌ဗျ"

အသံကိုပင်ရင်းနှီးနေပြီမို့ လှည့်ကြည့်မိတော့ ညှပ်စရာမရှိအောင် ဆံပင်တိုကပ်နေတဲ့ကောင်လေး။ ဆိုင်က‌လူတွေရဲ့မျက်ခုံးပင့်မှုကို လေပြေပါးစပ်ထဲကအငွေ့တွေပါထုတ်လွှင့်ဟန် သက်ပြင်းချပြလိုက်၏။

"ဟေ့ No.2"

လက်လေးပါလှမ်းပြရင်းလျှောက်လာတဲ့လူကို လေပြေမချိသလိုသွားလေးဖြီးပြလိုက်၏။

"ဆံပင်ညှပ်ဦးမို့လားဗျ"

နှစ်လတကြိမ်နီးပါးကြွလာတတ်တဲ့ပုဂ္ဂိုလ်မို့ ဒီတခါဆိုကတုံးတုံးပစ်မှဘဲရမယ်လို့ စိတ်ထဲကဘုတောပစ်လိုက်ပေမဲ့ အပြင်မှာတော့သွားစွယ်လေးပေါ်အောင်ပြုံးထားမိဆဲ။ Customer is always right ဆိုသော ပညတ်ချက်ကခေါင်းထဲပြည့်လျှံနေခဲ့တာမို့..။

"အင်း"

"ဟို. ဒါပေမယ့် ညှပ်လို့အဆင်မပြေလောက်သေးဘူးဗျ"

သူ့စကားကြောင့် ဟိုဘက်ကအလုပ်ရှုပ်ဟန်ဆောင်နေကြတဲ့အုပ်စုက ခွီးခနဲရယ်သံထွက်လာတာမို့ သူ့မျက်မှောင်လေးကုပ်ပြီးကြည့်ပစ်လိုက်၏။ အပြောခံရတဲ့သကောင့်သားကတော့ စပ်ဖြဲဖြဲရှိတုန်း။

"ဒီလိုဆို ဘာလုပ်ရမလဲ"

"အယ်. ကျွန်တော်ဘယ်လိုသိမလဲဗျ"

မောင့်လေပြေ (Completed)Where stories live. Discover now