အပိုင်း (၃၀)

1K 72 2
                                    

"လေပြေ"

သူ့ပုခုံးပေါ်ခေါင်းမှီရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကောင်လေးကိုမနှိုးချင်ပေမယ့်လဲ အသာအယာလှုပ်နှိုးလိုက်၏။ ထမင်းစားဖို့အတွက် ကားခဏနားပေးတာမို့ လေပြေ့ကိုတစ်ခုခုကျွေးမှရမည်။

"ရောက်ပြီလား မောင်"

"အင်း ရောက်တော့မှာပါ. ခုက အစားစားဖို့ရပ်ပေးတာ"

"အင်း"

မျက်လုံးတွေကိုပွတ်သပ်နေတဲ့လေပြေ့ရဲ့လက်တွေကို ဒီတခေါက်တေ့ာသူဖမ်းမဆွဲမိအောင်ချုပ်တည်းထားလိုက်ရင်းမှ ပြောပြီးတာနဲ့ရှေ့မှအရင်ဆင်းလာလိုက်သည်။ အောက်ကိုဆင်းလိုက်တာနဲ့ ခရီးသွားစီးကားအသွယ်သွယ်မှ လူတွေကတအုံတမနှင့်ရှုပ်ရှက်ခက်လို့နေ၏။

အိမ်ရဲ့ကားနှင့်သာခရီးအသွားအလာလုပ်တတ်သောသူ့အတွက် လေပြေသာမပါလျှင် ဤခရီးသည်စိတ်ရှုပ်စရာတွေချည်းပြည့်နေမှာအသေအချာ။ စိတ်ရှုပ်လာရင် မအောင့်အီးနိုင်သောသူ့စိတ်အခြေအနေက ကျုံမှောင်နေပြီဖြစ်သောသူ့မျက်ခုံးပေါ်မှာ အတိုင်းသားပေါလာလေပြီ။

"မောင်ကလဲ စောင့်ပါဦးဆို"

သူ့ကိုစောင့်ဖို့အတွက် ခြေလှမ်းကိုမသိမသာခပ်ဖြည်းဖြည်းလှမ်းနေခဲ့တဲ့ကိုယ့်ရဲ့လက်မောင်းကိုလှမ်းဆွဲကိုင်ရင်းပြောလိုက်တဲ့ လေပြေ့ရဲ့အသံကစူအောင့်အောင့်.. သူတစ်ချက်မျှစောင်းငဲ့ကြည့်ရင်း ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာလိုက်တော့ သူ့လက်မောင်းကိုမှီတွဲရင်းလျှောက်လိုက်လာတဲ့လေပြေ့ခြေလှမ်းတွေကအမောတကော။

"မောင် ဖြည်းဖြည်းလျှောက်"

"မင်းလက်တွေကိုလွှတ်ပြီးလျှောက်လေ.လေပြေရဲ့"

ပြောခါမှဘဲ  သူ့လက်မောင်းတွေကို ပိုတင်းကြပ်စွာဆွဲကိုင်လိုက်ရင်း

"ဟင့်အင်း. မောင် င့ါကိုပစ်ထားခဲ့ရင် ဘယ်လိုလုပ်မလဲ"

"ဟမ်.. အဟက် လေပြေရာ မင်းကိုပစ်ထားခဲ့ချင်မှဖြင့် ဒီကိုတကူးတကခေါ်လာပြီးပစ်ထားခဲ့မလား. ရန်ကုန်မှာတခါတည်းထားခဲ့မှာပေ့ါ"

မောင့်လေပြေ (Completed)Where stories live. Discover now