အပိုင်း(၁၆)

935 61 3
                                    

လမ်းတစ်လျှောက်တွင် နှင်းရေစိုသောသစ်ရွက်‌တို့ကစိမ်းစိုစွာဖြင့်..။ အေးစိမ့်စိမ့်ရာသီဥတုတွင် နောက်မှာကပ်ပါလာတဲ့လေပြေ့ကိုယ်လေးကြောင့်နွေးနေခဲ့ရသလို။ မနေ့က လေပြေ့ကိုချော့ရင်း ရှိုက်ကြီးတငင်ငိုနေခဲ့ပုံကို စိတ်ထဲကမပျောက်လှတာမို့ လေပြေ့ကိုကျူရှင်သို့မရမကလိုက်ပို့ခွင့်တောင်းကာ အတင်းလိုက်ပို့ခဲ့ရခြင်း။

"ရောက်ပြီ"

"ဟုတ်ကဲ့. ကျေးဇူးပါအကို"

"လိုက်ပို့ခွင့်ပေးလို့အကိုက ပိုကျေးဇူးတင်ပါရဲ့ဗျာ"

"ဒီနေ့တစ်ရက်ဘဲနော်."

လေပြေဟာ တစ်ရက်ဘဲလိုက်ပို့ခွင့်ပြုကြောင်းက အထပ်ထပ်ဆိုပြီးဖြစ်ပေမယ့် သေချာစေရန် ထပ်သတိပေးနေပြန်တာမို့..

"ဟုတ်ပါပြီဗျာ.. ‌ညီ့သဘောပါဘဲ"

"ကျွန်တော်၀င်တော့မယ် အကို"

"Bye.."

နှုတ်ဆက်စကားပြောပြီးတာနဲ့ ကျူရှင်ထဲဝင်လာလိုက်၏။ အတန်းထဲကိုဝင်လာမိခိုက် စင်မြင့်ပေါ်တွင်ဒူးထောက်လက်မြှောက်အနေအထားနှင့်ကြိုဆို‌နေခဲ့သောဘုန်းခန့်။ လူမစုံသေးတာမို့ ဆရာကြီးလဲ၀င်မလာသေးသလို၊ သူတို့အခန်းကနောက်ဆုံးအခန်းဖြစ်တာမို့ ကလေးတွေလဲရောထွေးမနေခဲ့..။

"လေပြေ"

"အေး"

"ငါမှားပါတယ်. ငါ့ကိုခွင့်လွှတ်ပါကွာ နော်။ နောက် အဲ့လိုမလုပ်တော့ပါဘူး"

ခုံတန်းရှည်တွင် လွတ်အိတ်ချရင်း လေပြေ ဘုန်းခန့်ကို ယောင်ယမ်းကာမတ်တပ်ရပ်ကြည့်နေခဲ့၏။ တခြားသူငယ်ချင်းတွေက နားမလည်သလိုရှိပေမဲ့ ပြုံးစိစိဖြင့်..။

"မင်းကလဲ အရမ်းဆူတော့ ငါစိတ်ရှုပ်လာလို့ပါ။ ပြီးတော့ ငါလဲကျချင်လို့ကျတာမှမဟုတ်တာကို.. မင်းတို့နှစ်ယောက်လုံးက စိတ်ဆိုးပြနေတော့ မနိုင်နိုင်ရာပြောလိုက်တာပါ"

"မင်း မရှက်ဘူးလား.. ပေါတောတောနဲ့ ဆင်းခဲ့"

"ငါ့ကိုခွင့်လွှတ်တယ်မလား.. ခွင့်လွှတ်မှဆင်းမှာ။ မှားတာရှိရင်တောင်းပန်ပါတယ်.. ဦးတော်"

မောင့်လေပြေ (Completed)Where stories live. Discover now