အပိုင်း(၂၁)

916 62 3
                                    

နေရိပ်ခပ်အေးအေးတွင် လူရှင်းသောလမ်းမထပ်မှာ ပိုင့်ရဲ့နောက်ကျောကိုခေါင်းလေးမှီရင်း လေပြေက လေနုအေးကို ရှိုက်ယူနေခဲ့၏။ မောင်နဲ့စက်ဘီးပတ်စီးရင် မောင့်အင်္ကျီခါးစလေးကို ကိုင်ထားတတ်တဲ့လေပြေဟာ ပိုင်နဲ့တွေ့ရင် ပိုင့်ကျောပြင်နွေးနွေးပေါ် ခေါင်းလေးမှေးတင်ထားတတ်သည်။

ပိုင်က ခွန်ပြည့်ရပ်ကွက်ဘက်မရောက်အောင် တခြားဘက်‌တွင်သာကွေ့ပတ်မောင်းနေခဲ့၏။ ပိုင်ဟာ နိမ့်ကျလွန်းတဲ့ လေပြေ့ရဲ့လူမသိ၊သူမသိရည်းစားဘ၀မှာ ခပ်အေးအေးနေပေးခဲ့ပြီး လေပြေ့ကိုပျော်အောင်ထားတယ်။ လေပြေ့ကို နွေးထွေးမှုနဲ့လွှမ်းခြုံစေတယ်။

အချိန်တန် လေပြေက သူ့ကိုယူရမှာလို့လဲ အမိန့်ချထားတယ်။ လေပြေအိမ်ထောင်ပြုဖို့စဉ်းစားပြီဆိုတဲ့နေ့တွင် လေပြေဟာ သူ့ကိုယူကိုယူရမယ် လို့ သူတွေးထားသလို. လေပြေ့အသိစိတ်ထဲကိုလဲ တခါထဲရိုက်သွင်းထားပြီးသား။

"ဒီနား ခဏရပ်ရအောင် အကို"

လေပြေက တစ်ဖက်ခြမ်းတွင် အိမ်ခြေခပ်ပါးပါးရှိပြီး တစ်ဖက်ခြမ်းတစ်လျှောက်လုံးတွင် တောအုပ်သဏ္ဍန်ရှိနေသော‌လမ်းအလယ်တွင် ရပ်ပေးရန်တောင်းဆိုတာမို့ ပိုင်ရပ်ပေးလိုက်၏။ စက်ဘီးပေါ်မှာ ပိုင်ကမှေးထိုင်ရင်း လေပြေ့လက်တွေကိုလှမ်းဆွဲပြီး သူ့ကိုကျောပေးစေကာ နောက်ပါးမှသိုင်းဖက်လိုက်၏။

"အကိုတို့ချစ်သူဖြစ်တာ နှစ်လရှိပြီနော်"

လေပြေက မတုန်မလှုပ်ငြိမ်ငြိမ်လေး ငေးနေ၏။ ‌မောင်နဲ့ချစ်သူဖြစ်တာ တစ်နှစ်ကျော်ခဲ့ပြီ။ မောင်ဟာ သူ့ပြိုင်ပွဲတွေအကြောင်းပြကာ လေပြေ့နားရောက်မလာခဲ့ပေ။ ဟိုတခါကတော့ ဘုန်းခန့်ကိုလာခေါ်ခိုင်းပြီးမောင်နဲ့တွေ့ခဲ့ရသေးသည်။

"ညီ အလုပ်ရှာတာအဆင်ပြေလား"

"ဟင့်အင်း. အဆင်ပြေတာမတွေ့သေးလို့"

"အကို့ဆရာရဲ့သွားဆေးခန်းမှာ လူလိုတယ်. လုပ်ချင်လား"

"လုပ်ချင်ပါတယ်. အမေက အမျိုးမျိုးပြောနေတာခက်တာဘဲ။ အိမ်မှာဝိုင်းလုပ်ပေးမယ့်လူလိုတယ်လဲပြောတယ် ပြီးတော့ အပြင်အလုပ်လဲထွက်လုပ်စေချင်သေးတယ်"

မောင့်လေပြေ (Completed)Where stories live. Discover now