အပိုင်း(၂၃)

927 62 9
                                    

New Face ...

ဆံပင်ညှပ်ဆိုင်လေးရဲ့ရှေ့မှာမတ်တပ်ရပ်နေတဲ့ကောင်လေးနှစ်ယောက်။ ပိုင်က လေပြေ့ရဲ့လှိုင်းထနေတဲ့ဆံပင်တွေကို ခပ်ဖွဖွသပ်တင်ပေးနေခဲ့၏။ မျက်ခွံလေးတွေပိတ်ကျတဲ့အထိပြုံးရယ်သွားတဲ့ကောင်လေးဟာ သူ့အတွက်ချစ်မ၀လေး..။

"၀င်တော့မယ်"

"အင်း.. အင်း"

"ညနေကျ အကိုလာကြိုမယ်နော်"

ခေါင်းလေးပါနှစ်ချက်ဆင့်ညိတ်ပြလိုက်မှ နားသယ်စလေးနားကိုဖျက်ခနဲနှုတ်ဆက်နမ်းကာထွက်ခွာသွား၏။ နှုတ်ဆက်အနမ်းအဖြစ် မောင်ဟာ သူ့နဖူးလေးပေါ်အနမ်းခြွေတတ်ပြီး ပိုင်ကတော့နားသယ်စလေးကိုခပ်ဖွဖွနမ်းရှိုက်တတ်၏။

"ကိုကို လိုက်ပို့တယ်ပေါ့"

၀န်ထမ်းကောင်မလေးကို သူဟန်ပါပါပုခုံးလေးသာပင့်ပြရင်းပြုံးလိုက်မိ၏။ လပိုင်းကြာမှပေါ်လာတတ်တဲ့မောင်ဟာ သူအလုပ်လုပ်တဲ့နေရာတောင်မသိတာမို့ ပိုင်ကသာလေပြေ့အလုပ်ထဲတွင် လူသိရှင်ကြားချစ်သူဖြစ်လာသည်။

"မွေးနေ့ ဘာကျွေးမှာလဲ"

"ဘာလက်ဆောင်ပေးမှာလဲ"

"အံ့မယ်.. ရောင်းသူ၀ယ်သူအသံတူပါလားဟေ့။ ဟယ် ပုံလေးပြပါဦးဟ"

သူ့လက်ထဲကဖုန်းလေးကို လှစ်ခနဲဆွဲယူကာ ပြေးသွားသောသိမ့်ကို သူပြုံးသာကြည့်နေလိုက်ရ၏။ သိမ့်က Ph.Wallpaper မှာ နေရာယူထားတဲ့ပိုင်နဲ့သူ့ပုံလေးကိုပြုံးစိစိကြည့်နေရင်းမှ

"လိုက်တယ်ဟယ်. နင်တို့နှစ်ယောက်ကအရမ်းဘဲ"

"အင်း"

လက်ထဲပြန်ရောက်လာတဲ့ဖုန်းလေးကိုသေချာစိုက်ကြည့်မိတော့. ပုံထဲက သူ့ကိုနောက်ပါးမှသိုင်းဖက်ထားတဲ့ပိုင်ကလဲ ဟက်ဟက်ပက်ပက်ကိုရယ်မောနေခဲ့လျက်။ မောင်နဲ့တွေ့ရင် Wallpaperလေးကိုချိန်းထားတတ်တာမို့ မောင်ဟာဒီပုံကိုတခါမှမမြင်ဖူးရှာ။

မောင်ဟာ သူ့အပေါ်ယုံကြည်စွာပင် ဖုန်းယူစစ်လေ့မရှိ။ မောင့်ဖုန်း Screen ပေါ် ကောင်မလေးပေါင်းများစွာရဲ့ဖုန်းနံပါတ်တွေတတ်လာတဲ့အခါမျိုးမှ မောင်ဟာခပ်ရေးရေးလေးပြုံးရင်းပိတ်ချတတ်သေး၏။

မောင့်လေပြေ (Completed)Where stories live. Discover now