အပိုင်း(၃၂)

941 65 7
                                    

နေခြည်နွေးနွေးက ခွန်ပြည့်တို့နှစ်ယောက်အပေါ် နွေးထွေးစွာခြုံလွှမ်း၏။ နိုးနိုးချင်း မျက်လုံးမဖွင့်ရသေးခင်မှာပင် ရင်ခွင်ထဲကတလှုပ်လှုပ်နဲ့ ဂဏှာမငြိမ်တဲ့ကောင်လေးကြောင့် ခွန်ပြည့်မျက်မှောင်ကျူံ့လိုက်မိ၏။

"လေပြေ ငြိမ်ငြိမ်နေလို့မရဘူးလား"

မျက်လုံးကို အားယူဖွင့်ပြီးတာနဲ့ စဆူသောမောင့်အသံ. ။

"ငါနိုးနေပြီလေ. မအိပ်ချင်တော့ဘူး"

"အစောကြီးရှိသေးတာကိုး"

လေပြေ့ကိုမချစ်တော့ဘူးဆိုသောမောင်သည် လေပြေကို သူ့လက်တွေကြားကလွှတ်မပေးသေး. တစ်ညလုံးသူကိုယ်ကိုသိမ်းကျူံးဖက်ထားရတာမို့ မောင်လက်မောင်းနာနေတော့မှာအသေအချာ။

"ငါက အိမ်မှာဆိုအစောကြီးထနေကျ"

"ပြီးရင် ကျောင်းမှာအတိုးချပြီးပြန်အိပ်နေကျ ဟုတ်လား"

မောင်အသံက ပြုံးရယ်သံတစ်၀က်နဲ့. မောင်က ကျောင်းတုန်းကအကြောင်းတွေကို တခုတ်တရမှတ်မိနေပေးတုန်းလား။

"ဒါပေမယ့် အကျင့်ဖြစ်နေပြီလေ မောင်ရဲ့"

"အင်းပါ. မအိပ်ချငရင်လဲထ. မောင်တို့ဒီနေ့အပြင်သွားကြမယ်"

"ဟင်. ဘယ်သွားကြမလဲ"

သူ့ကိုဖျက်ခနဲမော့ကြည့်လာတဲ့ မျက်၀န်းပြာတွေ. စိတ်လှုပ်ရှားလို့နေပုံမို့ ခွန်ပြည့်သဘောကျစွာပြုံးကြည့်လိုက်မိ၏. သူ့ရဲ့စိတ်အေးချမ်းမှုအတိုင်းအတာက ဒီမျက်၀န်းတွေအပေါ်မှာမူတည်နေတုန်းဘဲ.။

"ဟို‌ရောက်ရင်သိမှာပေါ့.. ကဲ ထ မောင်လဲလက်ညောင်းနေပြီ"

"မောင်ပြောပြ"

"မပြောပြပါဘူး"

"မောင်"

"ဗျာ.. မောင်ရေချိုးလိုက်ဦးမယ်. ပြီးရင် လေပြေချိုးလိုက်နော်"

မောင်က သူပြောချင်တာပြောပြီးတာနဲ့ ရေချိုးခန်းဘက်လျှောက်သွားတာမို့ လေပြေအလိုမကျစွာကျန်ခဲ့ရ၏. မောင်က လက်မောင်းတစ်ဖက်ကို နှိပ်နယ်နေတာမို့ ညတုန်းကအဖြစ်အပျက်ကိုသတိရသွားရသလို။

မောင့်လေပြေ (Completed)Where stories live. Discover now