Whatever You Are (2)

2.2K 179 3
                                    

စစ်ဟန် နဲ့ ချင်းချင်း ဆေးခန်းမှာ 4D Ultrasound ရိုက်ဖို့ စိတ်လှုပ်ရှားစွာ စောင့်နေမိသည်

"စစ်ဟန် ငါက သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် ငါလက်ခံတယ် တကယ်လို့ သမီးလေး ဖြစ်ခဲ့ရင်လည်း မားကို ငါတို့ သားယောက်ျားလေး လို့ ညာထားရအောင်လေ တကယ်မွေးလာခဲ့ရင် သူလည်း ဘာမှ မတတ်နိုင်တော့ဘူးလေ"

" ချင်းချင်းရယ် ငါတို့ မိသားစုအကြောင်း နင်သိရဲ့သားနဲ့ ငါက ဆက်ခံသူမျိုးရိုးနေရာမှာ ရပ်တည်လာတာ ၉ဆက်ရှိခဲ့ပြီ ငါ့ အလှည့်ကျမှ ဆက်ခံသူမျိုးရိုးကို လွှဲပြောင်းပေးလိုက်ရရင် ငါ့ အပါး နဲ့ ငါ့ဘိုးဘွားတွေကို ငါ ဘယ်လို မျက်နှာပြရမှာလဲ ဘယ်တော့မှ ပြင်ဆင်လို့မရတဲ့ အနေအထားကို ရောက်သွားမှာ ငါတော့ လက်မလျော့သေးဘူး သားလေးဖြစ်မှကိုရမယ်"

"မဖြစ်ခဲ့ရင်ရော စစ်ဟန် ဒါကို နင်ထည့်တွေးထားလား"

"ယောက်ျားလေး မဟုတ်ခဲ့ရင် မား စီစဉ်တာ ကို လက်ခံရမယ်လေ ငါတို့ ကတိပေးထားတာပဲ မား က ငါ့ဘ၀ ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး အခု လည်း ချင်းချင်းကို ချွေးမအဖြစ် အသိအမှတ်ပြုထားတာပဲလေ စိတ်ညစ်အောင် စိတ်ဆင်းရဲအောင် မားက ဘာမှလည်း မလုပ်ဘူးလေ ကိုယ်၀န်အတွက် ကောင်းမည့်ဆေးတွေ အားရှိမည့် အစားအသောက်တွေတောင် အမြဲစီစဉ်ပေးတာပဲလေ"

" အဲဒီလိုဆိုပေမယ့် မား ကို ငါကြောက်တယ် သူဖြစ်တာတွေ ကို သူက ရအောင်စီစဉ်မှာ တစ်ခုခုဆို နင် ငါ့ဘက်က ရပ်တည်ပေးမယ်မလား"

"ချင်းချင်းရယ် မားက အကောင်းဆုံး စီစဉ်နိုင်မှာပါ ငါတို့ချစ်ခြင်းကို မခွဲဘူးလို့ မား ကတိပေးထားတာပဲလေ ဘာမှ စိတ်မပူပါနဲ့ ချင်းချင်းရယ် ကလေးလေးက ယောကျ်ားလေးဆို အားလုံးအဆင်ပြေပြီ ယောကျာ်းလေး ဖြစ်မှရမယ် သားယောက်ျားလေးဖြစ်ပါစေ သားယောက်ျားလေးဖြစ်ပါစေ"

လင်ချင်းရှာ ဆုတောင်းနေတဲ့ စစ်ဟန်ကိုကြည့်ပြီး စိတ်ပျက်မိတယ် သူမကတော့ ဆုမတောင်းရက်ဘူး ဘာလေးပဲဖြစ်ဖြစ် မားမားက ချစ်မှာမို့ ကလေးလေး ကျန်းမာရင် မားမားက ကျေနပ်ပြီနော်

Whatever You AreWhere stories live. Discover now