Whatever You Are - Zawgyi (6)

123 8 0
                                    

ဒီနေ့က အောက်တိုဘာ ၅ရက်နေ့ဆိုတော့ ဘာလိုလိုနဲ့ အကပြိုင်ပွဲရောက်ဖို့ ၁၀ရက်ပဲလိုတော့တာမို့ အားလုံးက ပိုပြီး အားစိုက်လေ့ကျင့်နေရတယ် ရှောင်းကျန့်ချုပ်ပေးတဲ့ ၀တ်စုံလည်း ရပြီမို့ ဝတ်စုံတွေ ဝတ်ကြည့်လိုက်တဲ့အခါ အားလုံးက ကွက်တိ အရမ်းလည်း အဆင်ပြေတယ်

ဝတ်စုံမှာ ရင်တုတင်တုတွေ တစ်ခါတည်း ထည့်ချုပ်ထားတာမို့ ရှိသင့်ရှိထိုက်တဲ့ အထုပ်အထည်အပြည့်အစုံ နဲ့ အဝတ်အစားလဲလို့ လွယ်အောင် ဂါဝတ်အဝဲအတိုလေးကို ခါးနားမှာ ကပ်ခွါလေးနဲ့ ပတ်ပြီး ကတ်လိုက်ရုံပဲ ဝတ်စုံစမ်းဝတ်ကြည့်ပြီး ဂါဝန်လေး မှန်ရှေ့မှာ မကြည့်လိုက်တော့ ဘာ အဖုအဖောင်း မှ ရှိမနေဘဲ မိန်းကလေးတွေလို ပြားပြားကပ်ကပ်လေး ဖြစ်အောင် ပေါင် နဲ့ဗိုက်ကို ဘယ်လိုယူပြီး ဘယ်လိုချုပ်ထားမှန်းမသိ ဝတ်ရတာ သက်တောင့်သက်တာဖြစ်ပြီး ဘယ်လိုကြည့်ကြည့် မိန်းကလေး ကိုယ်လုံးလေးလို ဖြစ်နေတာ ကြောင့် မသိရင် ရိပေါ်တို့ သူငယ်ချင်းတွေ ဖုန်းကညာများ လုံးရာပြားပြီး တစ်ကယ့် မိန်းကလေးတွေဖြစ်နေသလိုပင်

"ဟား ဟား ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းကို ကြည့်ပြီး ငါတောင် တကယ်ကောင်မလေးထင်သွားတယ် မင်းကအသားဖြူတော့ ငါတောင် မင်းကြည့်ပြီး ချိတ်လိုက်ရမလား စဉ်းစားနေမိပြီ"

လို့ ယွီပင်းက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ညုတုတုလာပြောပြီး စနေသည် ရီပေါ်ကလည်း အားကျမခံ

"ပင်းပင်း မိန်းမိန်းက ကောကို အဲလို မကြည့်ပါနဲ့ ကောက ပိုင်ရှင်ရှိတော့မှာ ပင်းပင်း စိတ်ဝင်စားချင်ရင် ဟိုမှာ စန်းစန်း ရှိတယ် ယမ်ယမ် နဲ့ ကျိကျိ ကိုတော့ မစဉ်းစားနဲ့ ကြားလူဝင်လို့မရဘူး သူတို့နှစ်ယောက်က"

လို့ ချိတ်တိတ်တိတ်လေး ပြန်ပြောပေးလိုက်တဲ့အတွက် အားလုံးက ပွဲကျနေကြတာပေါ့ စလိုက်နောက်လိုက်နဲ့ ပြောစရာအတိ

Designer ကတော့ ကျေကျေနပ်နပ်နဲ့ အားလုံးကို ကြည့်နေတာမို့ ဟောက်ရွမ်းက

"ကျန့်ကျန့် ရေ ကျေးဇူးပါဝတ်ရတာ အရမ်းသက်တောင့်သက်တာရှိပြီး တကယ်မိုက်တယ် အရမ်းလေး လေးစားချီးကျူးပါတယ်နော်"

Whatever You AreWhere stories live. Discover now