Whatever You Are - Zawgyi (25)

133 11 0
                                    

တံခါးပွင့်သွားတာနဲ့ အမြဲရနေကြရှောင်းကျန့်ရဲ့ ရေမွှေးနံ့သင်းသင်းလေးကို ရလိုက်တာမို့ ရိပေါ် ပိုပြီး ရှောင်းကျန့်ကို သတိရမိပါတယ် တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ဧည့်ခန်းမှာအရင်က ချိတ်ထားတဲ့ ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ လက်မှတ်ထိုးလက်ထပ်ပွဲတုန်းက ပုံကြီးချဲ့ထားတဲ့ဓါတ်ပုံလေးပေါ့ ဓာတ်ပုံရဲ့ အပေါ်မှာ စာတန်းလေး ကိုဘောင်လေးကွတ်ထားကို သေချာဖတ်ကြည့်လိုက်တော့

"Yizhan Gallery – It is not a dream, our love is real one"

ချစ်ခဲ့တာ အိမ်မက်မဟုတ်ဘူး ငါတို့တကယ်ချစ်ခဲ့ကြတာ

စာတန်းကြောင့် ရိပေါ် တော်တော်လေး စိတ်မကောင်းဖြစ်သွားပါတယ်

"ဟုတ်တယ် ကျွန်တော်တို့ တကယ်ချစ်ခဲ့ကြတာ ဘာစိတ်ရူးပေါက်သွားမှန်း ကျွန်တော့်ကို ကျွန်တော်တောင် စဉ်းစားလို့မရဘူး လောကနိယာမ အတိုင်း ကျား/မကြားက အချစ်ကိုသာ အချစ်လို့ထင်ခဲ့မိတာ အရမ်းနောင်တရတယ်"

တံခါးပေါက်ရဲ့ အလည်တည့်တည့် နံရံမှာ စာတန်းလေးနဲ့ ပုံအကြီးကြီးက လွဲရင် ဘာမှ မချိတ်ထားပါဘူး ဘေး ဘယ်ညာ တွေရဲ့ နံရံမှာတော့ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ ပုံလေးတွေ အများကြီးပါ ရိပေါ် ဘယ်ဘက်နံရံနားကို အနီးကပ် သွားကြည့်လိုက်တဲ့အခါ စနစ်တကျနဲ့ ပုံလေးတွေကို သပ်သပ်ရပ်ရပ် ပုံဖော်ချိတ်ဆွဲထားတာပါ

ပုံတိုင်းရဲ့အောက်မှာ ရက်စွဲလေးတွေ ကျွန်တော်နဲ့ ရှောင်းကျန့် ချစ်သူစ မဖြစ်ခင် ကတည်းက ကျွန်တော် တစ်ယောက်တည်း ရဲ့ ပုံလေးတွေနဲ့ စတင်ပါတယ် အကခန်းမထဲမှာ ကျွန်တောကနေတဲ့ ပုံလေးတွေ ရက်စွဲနဲ့တကွ သေချာကို မှတ်ထားတာ ရက်စွဲအောက်က စာတမ်းလေးကို ဖတ်မိတော့

" ဒီနေ့ ကျွန်တော် သူ့ကို စတွေ့တာ ချစ်ဖို့ကောင်းလွန်းလို့ မှတ်တမ်းတင်ထားတာ စိတ်မဆိုးဘူးမလား"တဲ့

ကျွန်တော် ဈေးကွက်ထဲက ဘဲလေးဝတ်စုံနဲ့ ကနေတုန်း က ရိုက်ထားတဲ့ပုံအောက်မှာကြတော့

" ကောင်လေးက ခေသူမဟုတ်ဘူးဘဲ ပစ္စည်းရှိလူတန်းစားထဲပါတယ်"

ဆိုပဲ စာတမ်းကြောင့် ရိပေါ် ပြုံးမိတယ် ဟုတ်တယ် ကျွန်တော်က အထုပ်နဲ့အထည်နဲ့ ပစ္စည်းရှိလူတန်းစား

Whatever You AreWhere stories live. Discover now