Whatever You Are (13)

1K 78 2
                                    



သူငယ်ချင်းတွေကို မနေ့ကတည်း အကြောင်းကြားလိုက်ပြီး နေ့လည်လောက် လက်မှတ်ထိုးပွဲလေး လုပ်ဖို့စီစဉ်လိုက်ပါတယ်။ မိုးလင်းတာနဲ့ ရိပေါ် ကွန်ဒိုက အဝတ်အစားတစ်ချို့ကို သိမ်းပြီး ကျန်တာ က တစ်မြို့ထဲမှာဘဲဆိုတော့ ကွန်ဒိုနဲ့ ရှောင်းကျန့်အိမ်မှာ တစ်လှည့်စီနေကြဖို့ စိတ်ကူးပြီး ဘာမှ မသိမ်းတော့ပါဘဲနဲ့ ရှောင်းကျန့်အိမ်ကို မနက်စောစောစီးစီး ထွက် လာ လိုက်ပါတယ်

"အချစ် ကျွန်တော် ထွက်လာပြီ နောက် ၁နာရီ ဆိုရောက်နေပြီ"

"အင်း ရောက်ခါနီး ဖုန်းထပ်ဆက်လိုက် အိမ်က ကောင်မလေးတွေကို မားမားဆုံးပြီးကတည်း နယ်ပြန်လွှတ်လိုက်ပြီဆိုတော့ ကိုယ်တိုင်လာဖွင့်ပေးမှ ရမှာမို့ မစောင့်ရအောင် ကြိုဆက်လိုက်နော်"

"OK အချစ် ခဏနေတွေ့မယ်"

ရှောင်းကျန့်အိမ်ရောက်တော့ အားလုံးက သပ်သပ်ရပ်ရပ် နဲ့ ရှင်းလင်းနေတာပါပဲ

အိမ်ရှေ့ခန်းကို လက်မှတ်ထိုးမယ့်နေရာမှာ အားလုံး အဆင်သင့် လက်ထပ်စာချုပ်လေးတွေ အစိမ်းရောင် ပြင်ဆင်ထားတော့ အံ့အားသင့်မိတယ် ဘောပင်လေးကလည်း အစိမ်းရောင် လက်ထပ်စာချုပ် Cover လေးတွေတောင် အစိမ်းနုရောင် လေးနဲ့မို့ ကြည်နူးကျေနပ်မိပါတယ်

အိမ်ရှေ့ခန်းကို လက်မှတ်ထိုးမယ့်နေရာမှာ အားလုံး အဆင်သင့် လက်ထပ်စာချုပ်လေးတွေ အစိမ်းရောင် ပြင်ဆင်ထားတော့ အံ့အားသင့်မိတယ် ဘောပင်လေးကလည်း အစိမ်းရောင် လက်ထပ်စာချုပ် Cover လေးတွေတောင် အစိမ်းနုရောင် လေးနဲ့မို့ ကြည်နူးကျေနပ်မိပါတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" အချစ် ဒါတွေက......"

"ငါ့မှာ မင်းနဲ့လက်ထပ်ချင်တဲ့ စိတ်ကူးယဉ် အိမ်မက်လေးက အမြဲရှိပါတယ် အချိန်တိုင်း တွေးနေမိတော့ ဘာလေးများ လိုမလဲ ဘယ်လိုလေးဆိုရင် ကောင်းမလဲ ဆိုပြီး စဉ်းစားမိတိုင်း ငါ ပစ္စည်းလေးတွေ ဝယ်ထားမိရဲ့သား ဖြစ်နေတယ် ရိပေါ် မင်းနဲ့လက်ထပ်ပြီး တစ်သက်လုံး တူတူနေချင်တာ ငါ့ရဲ့ ဆန္ဒအမှန်ပဲ"

Whatever You AreWhere stories live. Discover now