Whatever You Are Zawgyi (4)

164 15 0
                                    

အခုဆိုရင် အကဆရာမ  Triple ဆီမှာ လာသင်ပြီး ပြင်ဆင်တာ တစ်ပတ်ကျော်လောက်တောင် ရှိပါပြီ အကဆရာမ နဲ့ရော ကျန့်ကျန့်နဲ့ရော ရိပေါ်တို့ တစ်ဖွဲ့လုံး ရင်းရင်းနှီးနှီးလည်း ဖြစ်နေပါပြီ ဒါပေမယ့် ရိပေါ်က က ရှောင်းကျန့် နဲ့ တစ်ယောက်ချင်း စကားတော့ဖြောင့်ဖြောင့်မပြောရသေးပါဘူး အကဆရာမရဲ့ အိမ် က မြို့ထဲနဲ့လှမ်းတော့ ဆရာမက အလာကို အိမ်ကပို့ခဲ့ပြီးရင် အပြန်အချိန်ဆိုရင် ပြန်မကြိုခိုင်း တော့ဘဲ ကျန့်ကျန့်ကို လိုက်ပို့ခိုင်းမယ်ဆိုပြီး စပြောလာပါတယ် အလုပ်အပေါ် စေတနာပါလွန်းတဲ့ အကဆရာမ မို့ ချီးကျူးမိပါတယ် ရိပေါ်တို့ကတော့ အရမ်းပျော်နေတာပေါ့ အပြန်လမ်းမှာ စကားဖြောင့်ဖြောင့် ပြောကြည့်ရမယ်

အခုဆိုရင် ကကွက် အကြမ်း ပုံပေါ်လာပါပြီ   ရိပေါ်တို့ စီစဉ်ထားတဲ့ ကကွက် က အကပြိုင်ပွဲရဲ့ မိတ်ဆက်ပေးတဲ့ စနစ်ကို အားသာချက်   အဖြစ် ရအောင်ဆွဲထုတ်ထားပါတယ် ပြိုင်ပွဲအစမှာ Dancerတွေကို မိတ်ဆက်ပေးလေ့ မရှိဘဲ ကျောင်းနာမည် နဲ့ Team နာမည်သာ အရင် မိတ်ဆက်ပေးပြီး ကကွက်ဖော်ပြီးမှ ကကွက်စဉ်းစားပုံ နဲ့ Dancer တစ်ဦးချင်းကို မိတ်ဆက်ပေးတာပါ ဒိုင်တွေကအစ Contestant Dancer တွေကို မိတ်ဆက်ချိန်မှ သိရတာပါ ဆရာမ က ဒါကြောင့် ရိပေါ်တို့အားလုံးက ဖြူဖြူသေးသေးလေးတွေမို့  ဘဲလေး အက ကို ၀တ်စုံပြည့်နဲ့ မိန်းကလေးလို အရင် က ဆံပင်က အစ ဆံထုံးအတုနဲ့ ထုံးထားပြီး ကပြရမယ် ပြီးရင် Music တစ်ဝက်အရောက်မှာ စင်ပေါ်မှာ ဒီဇိုင်းအနေနဲ့တင်ထားမယ့် Curtain နောက်ထဲ တစ်ယောက်ပြီးတစ်ယောက် စက္ကန့် ၂၀အတွင်း လုံးဝယောက်ျားတစ်ယောက် ဒီဇိုင်းကို ရအောင်ပြောင်းပြီး Hip-hop ကကွက်နဲ့ Breaking ကကွက် ကမယ့် ပုံစံ ဖန်တီးတာပါ အားလုံးကို Surprise ဖြစ်အောင် လုပ်ပြရမှာမျိုးပါ

အခက်အခဲ ၃ခုတော့ရှိတယ် ပထမအခက်အခဲက  ဘဲလေးအက ကို ရိပေါ်တို့ သူငယ်ချင်းအားလုံးက အခုမှစပြီး လေ့ကျင့်တာမို့ နွဲ့နှောင်းမှု လိုအပ်ချက်တွေ ရှိနေတာပါ ဒါက ကိစ္စမရှိပါဘူး အားလုံးက ၁၀နှစ်အရွယ်ကတည်းက အကသင်ခဲ့သူတွေမို့ ကြိုးစားလိုက်ရင်ရ နိုင်ပါတယ်  ဒုတိယအခက်အခဲက အ၀တ်အစားနဲ့ Hair Style ကို အချိန်တိုအတွင်း ရအောင် Change ရမယ့် အခက်အခဲပါ အ၀တ်အစားက ဒီဇိုင်းတာဝန်ယူထားတဲ့ ရှောင်းကျန့်က သူ့တာဝန်ထားလို့တော့ ပြောတာပဲ Makeup Artist နဲ့ သေချာပြင်ဆင်ထားလိုက်ရင် လွယ်တယ်ပြောတာပါပဲ နောက်ဆုံးအခက်အခဲ ဘဲလေး ၀တ်စုံ ၀တ်ရတဲ့အခါ မိန်းကလေးပုံ ၀တ်ကမှာမို့ ဂါဝန်ဝတ်ရတာပါ ကကွက်ဇာတ်လမ်းအရ ဒါကပြဿနာ မဟုတ်ပေမယ့် ယောက်ျားလေး နဲ့ မိန်းကလေး မတူတော့ ဘဲလေးဂါဝန် ဒီဇိုင်း ၀တ်စုံ အစစ်ကို ၀တ်ကြည့်တဲ့အခါ ပြဿနာတက်နေတာပါ

Whatever You AreWhere stories live. Discover now