Whatever You Are - Zawgyi (27)

127 10 0
                                    

၁ နှစ်ကြာပြီးနောက်/ 1 year later

ရှောင်းကျန့်ရဲ့ဘဝလေး ပြန်ပြီး အဓိပ္ပါယ်ရှိလာတာ အခုဆိုရင် တစ်နှစ်တောင် ရှိပါပြီ အမွှာလေးနှစ်ယောက်က ရှောင်းကျန့်အတွက် အသက်ရှင်ရခြင်းရဲ့ အကြောင်းပြချက်ပေါ့

ကိုးရီးယားမှာလာနေတော့ စပ်စပ်စုစု မရှိတာတစ်ခုကောင်းပါတယ် ခုတော့ ရှောင်းကျန့်က ကလေး နှစ်ယောက်အဖေ မုဆိုးဖို ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့ ယောက်ျားလေးတစ်ယောက်ဘဝကို လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါပြီ

သားယောက်ျားလေးကို ရှောင်းမိုင်မို နဲ့ သမီးမိန်းကလေးကို ရှောင်းမိုင်မီလို့ နာမည်ပေးထားတာပါ

မွေးခါစက သားသားလေး မီးမီးလေးလို့ပဲခေါ်ခဲ့ပြီး ကလေးတွေ တစ်လပြည့်မှ နာမည်ပေးခဲ့တာပါ နာမည်ပေးခါစက ကျန်းချန် ကတော့ ဝေဖန်တာပေါ့

"မင်းဟာက ဘာနာမည်တုန်းကလေးကို Milo ဖျော်ရည် နာမည်နဲ့ခပ်ဆင်ဆင်ဖြစ်အောင် လုပ်နေပြီ ဘာအဓိပ္ပါယ်မှန်း ငါတောင်မသိဘူး တရုတ်လည်းမဟုတ် ကိုးရီးယားလည်းမဟုတ်နဲ့"

"မင်း မသိသေးပါဘူး ကျန်းချန်ရာ ဒါ ငါပိုင်တဲ့ မိုးနတ်မင်းက ပေးထားတဲ့ ငါ့ကလေးတွေ ငါကြိုက်တဲ့နာမည် ငါပေးမယ် ငါ့အတွက် အဓိပ္ပါယ်ရှိရင် ပြီးတာပဲ မင်းသိစရာမလိုဘူး တခြားလူ မသိလည်းဖြစ်တယ် ဒါငါ့အတွက် အကောင်းဆုံး ပဲ မင်းလည်း သိချင်ရင် မင်းကလေးမွေးလာမှ မင်းဘာသာမင်းပေး"

"ပြီးတာပဲ.....ငါလည်း မင်းကို အမှီလိုက်ပြီး ကလေးမွေးမှ မင်းနားမလည် မယ့်နာမည်မျိုးပေးဦးမှာ"

သူ့ကို တခွန်းမခံ ပြန်ပြောတာမို့ ကျန်းချန်က မျက်စောင်းတထိုးထိုးနဲ့ အနားက ကလေးကူမထိန်းပဲ ထွက်သွားတာပါ ပြီးရင် မနေနိုင် မထိုင်နိုင် သူဘဲ ချစ်စရာကောင်းလွန်းတဲ့ ကလေးတွေနား မယောင်မလည် ပြန်ပြန်ရောက်လာတာ ရှောင်းကျန့် ပြုံးပြီးသာကြည့်နိုင်ပါတော့တယ်

ဘယ်သူ့ကိုမှ မရှင်းပြပေမယ့် ဒါက ရှောင်းကျန့် သေချာစဉ်းစားပြီးမှ ရွေးချယ်ထားတာပါ

မိုင်က တကယ်တော့ English လို My ကို ယူထားတာပါ အဓိပ္ပါယ် ရှောင်းကျန့်ရဲ့ ကိုယ်ပိုင်ပေါ့ နောက်တစ်မျိုးက ရိပေါ်ရဲ့ မျိုးရိုး Wang က W ကိုယူထားတာပါ ကိုယ်က သူ့ဘဝလေးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့ မိတာမို့ W ကို ဇောက်ထိုးလုပ်လိုက်တဲ့အခါ M ဖြစ်သွားတာပေါ့ ရိပေါ်ရဲ့ Yibo ဆိုတဲ့ စာသားက Yကို တစ်လုံးထပ်ယူလိုက်တော့ MYဖြစ်သွားတာပေါ့ ဒါက ဘယ်သူမှ မရိပ်မိအောင် ကိုယ့်ချစ်သူရဲ့ နာမည်ကို ရအောင်ထည့်ထားတာပါ နောက်ထပ် Mi နဲ့ Mo ကတော့ ရိပေါ်ရဲ့ W ဇောက်ထိုးလေးကို ပဲ ရှောင်းကျန့်ရဲ့ Xiao ထဲက " i နဲ့ o "ကိုပေါင်းပြီး Mi နဲ့ Mo ဖြစ်လာတာပါ လူချင်းမပေါင်းရရင်တောင် နာမည်ထဲက စကားလုံးလေးပေါင်းစည်းခွင့်ရချင်တာမို့ ရှောင်းကျန့်သွယ်ဝိုက်သောနည်းနဲ့ရအောင်ပေါင်းစပ်လို့ ကလေးတွေကို နာမည်ပေးခဲ့တာပါ မမွေးခင်က ချောချောမွေ့မွေ့ဖြစ်ဖို့ စိတ်ပူနေတာတဲ့ အေးအေးဆေးဆေး မစဉ်းစားအားတာမို့ နာမည်က မွေးပြီးတဲ့အချိန်မှ စဉ်းစားမိတာပါ My Mi နဲ့ My Mo ဆိုတာစဉ်စားလို့ရတဲ့အခါ ဘာက ယောက်ျားလေးနာမည် ဘာက မိန်းကလေးနာမည်တွေ မစဉ်းစားပါဘူး ရှောင်းကျန့်က ကျားမခွဲခြားမှုတွေကို ခုထိမုန်းနေသေးတာမို့ အရင်မွေးတဲ့သမီးက My Mi ဆိုတဲ့နာမည်ပေါ့ ခဏလေးနောက်ကျပြီးမွေးတဲ့သားလေးက My Mo ဖြစ်သွားတာပေါ့ နာမည်ပေးပြီးတဲ့အခါ ကျန်းချန်တို့က အတိုကောက် MI MI နဲ့ MO MO အိမ်မှာခေါ်မယ်ဆိုပြီး ခေါ်တာတောင် ရှောင်းကျန့်က လုံးဝခွင့်မပြုပါဘူး

Whatever You AreWhere stories live. Discover now