Whatever You Are (20)

1.1K 86 5
                                    



ဒီနေ့ ရိပေါ် ရှောင်းကျန့်ကို ထားသွားတာ (၇)လကျော်ပါပြီ အရာအားလုံး အသားကျအောင်နေပေမယ့် အသား မကျသေးပါဘူး ကြားထဲမှာ ရိပေါ် ကိုးရီးယားထွက်သွားပြီး Camp ဝင်တာ Champion ဆုကြီးရလာတာ ဒါတွေ အားလုံးရှောင်းကျန့် သိပါတယ် ကိုယ့်ကြောင့် သူ့ဘဝလေး ဒေါင်ချာဆိုင်းသွားတာ ခုလို အောင်မြင်မှုတွေ မြင်နေကြားနေရတာကို ရှောင်းကျန့်ပျော်ပါတယ် သူ့ဘဝလေး အမြန်အေးချမ်းပါစေ

ဒီနေ့က ရှောင်းကျန့် အသက် (၃၀) ပြည့်တဲ့နေ့မို့ ရိပေါ်လေးက မှတ်မှတ်ရရလေး ဖြစ်ပြီး Happy Birthday Wish လေးများလုပ်မလား ပေကျင်းကို ပြန်ရောက်နေပြီမို့ ရှောင်းကျန့်ရှေ့ မသိမသာလေးများ ပေါ်လာမလားလို့ မျှော်လင့်မိတယ် ငါတို့ချစ်ခဲ့တာ တကယ်မလားရိပေါ်

ရှောင်းကျန့်တွေးနေတုန်း ဖုန်းနံပါတ်အစိမ်းတစ်လုံး ဝင်လာတာမို့ ပျော်သွားပါတယ် စိတ်ကိုတတ်နိုင်သမျှထိန်းပြီး

"ဟယ်လို ရှောင်းကျန့်ပြောနေပါတယ်"

"....." တစ်ဖက်က ဘာသံမှ မထွက်လာတာမို့ ပိုပြီးရင်ခုန်သွားပြီး

"ရိပေါ်လေးလား..... ရိပေါ်ဟုတ်တယ်မလား"

"ခင်ဗျား ကျွန်တော့ကို ရိပေါ်လေးလို့ မခေါ်နဲ့ ခင်ဗျားကို ကျုပ် မိတ်ဆက်ပေးစရာလူရှိလို့ ဘယ်လာခဲ့ရမလဲ"

"အာ...ငါ ဒီနေ့ အလုပ်မှာ ညနေ ၅နာရီထိရှိမှာ မင်းအဆင်ပြေတဲ့အချိန်လာခဲ့လေ"

"ကောင်းပြီ ကျွန်တော် ၁၁နာရီလာခဲ့မယ်"

တုံးတိကြီးပြောပြီး ရိပေါ်ဖုန်းချသွားပါတယ် ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ ရိပေါ်အသံလေးကြားလိုက်ရလို့ ပြည့်စုံပါပြီ မျက်နှာလေးလဲ မြင်ရဦးမှာပဲ TVတွေထဲမှာ ပြိုင်ပွဲတွေမှာ မြင်ရပေမယ့် ခုလိုလေး အပြင်မှာ မြင်ရမှာမို့ ဝမ်းသာပါတယ်

ဖုန်းပြောပြီး ရီမော တက်ကြွနေတဲ့ ရှောင်းကျန့်ကို ဘေးက လုပ်ဖော်ကိုင်ဖက်တွေက သတိထားမိပါတယ် ရှောင်းကျန့်ခုလို တက်တက်ကြွကြွမရှိတာ ကြာနေပြီမလား အပြုံးတွေ အသက်မဝင်တော့တာ ကြာလှပြီ ခုလို တက်ကြွနေပုံထောက် ရိပေါ်ပြန်လာမှာမို့နေမှာ

Whatever You AreWhere stories live. Discover now