Whatever You Are - Zawgyi (24)

129 12 0
                                    

ဆိုင်ကယ်နဲ့ ရိပေါ် ရှောင်းကျန့်ဆီ အမြန်ဆုံးလာခဲ့လိုက်ပါတယ် ရှောင်းကျန့်ကို အရင်ဆုံးပြေးဖက်မယ် ပြီးမှ ဘယ်လိုပဲတောင်းပန်ရ တောင်းပန်ရ အမှားတွေကို ပြင်ဆင်ခွင့်တော့ပေးမှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ ရိပေါ် ရှောင်းကျန့်ဆီ လာခဲ့တာပါ

အိမ်ရှေ့ရောက်တော့ ဝန်းတံခါးကြီးပိတ်ထားတာမို့ ရိပေါ်ဆီမှာရှိတဲ့ သော့နဲ့ဖွင့်ပြီး ဝင်ခဲ့ပါတယ် အိမ်တံခါးလည်း အဲလိုပါပဲ ရိပေါ် သော့လေးတွေကို အဆင့်ဆင့်ဖွင့်ရင်း ပြုံးလိုက်မိပါတယ် ကိုယ့်ကိုကိုယ်လည်း ချီးကျူးမိပါတယ် ရှောင်းကျန့်နဲ့အတူနေတုန်းကတည်းက ရိပေါ်က သော့တွေကို ဆွဲကြိုးလို လုပ်ပြီးဆွဲထားတာပါ လိုအပ်တဲ့အချိန် သော့ရှာစရာမလိုဘဲ ချက်ချင်းဖွင့်နိုင်အောင်လို့လေ ရှောင်းကျန့်နဲ့ လမ်းခွဲပြီးတော့လည်း ရေချိုးချိန်ကလွဲရင် ရိပေါ်အဲဒီ သော့ဆွဲကြိုးလေးကို မဖြုတ်ခဲ့ဘူး ဖြုတ်လိုက်ရင် ရင်ထဲဟာဟာသွားတတ်မို့ ဘယ်သူမှလည်း သတိမထားမိတာမို့ ကိုယ့်စိတ်ကို သက်သာရာ ရစေတဲ့ အဲဒီသော့ ၃ချောင်းပါတဲ့ ဆွဲကြိုးကို ရိပေါ် ဆက်ဆွဲထားဖြစ်တာမို့ အခုလို အိမ်ကို အပြေးပြန်လာချိန် မှာ အဆင်သင့်ဖြစ်သွားတာပေါ့

အိမ်ကိုလှည့်ပတ်ကြည့်လိုက်တော့ အရင်လို ဘာမှ အပြောင်းအလဲမရှိပါဘူး တစ်ခုပါပဲ ရိပေါ်တို့ လက်ထပ်တုန်းက ပုံအရင်က ဧည့်ခန်းမှာ ချိတ်ဆွဲထား ထောင်ထားတာတွေ အများကြီးရှိပေမယ့် အခုတော့ တစ်ခုမှ မရှိတော့ပါဘူး ဖြစ်သင့်ပါတယ် ကိစ္စမရှိဘူး ပုံတွေအများကြီးထပ်ရိုက်မယ် ထပ်ချိတ်ထားမယ် အခန်းတွေကတောင် သန့်ရှင်းသပ်ရပ်နေတာမို့ ခရီးကပြန်ရောက်နေတာ သေချာတယ် အလုပ်သွားတာဖြစ်မယ် ထမင်းစားခန်းထဲဝင်ကြည့်တော့ အကုန်သူ့နေရာသူ ပါပဲ ရေခဲသေတ္တာဖွင့်ကြည့်တော့မှ ဘာမှ မရှိတာ သတိထားမိပါတယ် ဖွင့်တောင်မဖွင့်ထားဘူး တစ်ယောက်တည်းဆိုတော့ အပြင်မှာဘဲ စားသောက်နေတာနေမှာပေါ့ အိမ်မှာဆို အထီးကျန်မှာကိုး ဒီအိမ်ကြီးမှာ ရှောင်းကျန့်ကို ၁၀လကျော်တောင် ပစ်ထားခဲ့မိတာမို့ ကိုယ့်ခေါင်းကို လေးငါးခြောက်ခေါက်လောက် ထုပြီး အပစ်ပေးလိုက်ပါတယ် ညမှောင်လာတော့မှာမို့ မီးဖွင့်ထားရမယ် ရှောင်းကျန့်ပြန်လာရင် အံ့အားသင့်အောင် ရိပေါ် မီးဖွင့်လိုက်တော့ မီးမလာပါဘူး မီးပျက်တယ်လို့ ထင်လိုက်ပေမယ့် ပျက်စရာအကြောင်းမရှိတာကို သတိရတော့ မိန်းခလုတ်တွေဆီလာကြည့်တော့ မိန်းချထားတာမြင်လိုက်ရတာမို့ စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ် ခရီးသွားတာ ပြန်မရောက်သေးလို့များလား ပုံမှန်အပြင်သွားနေကျ ရိပေါ်တို့ တစ်ခါမှ မိန်းချလေ့မရှိတာကြောင့်ပါ မိန်းတင်ပြီး အပေါ်ထပ်ကို တက်စောင့်မယ်ဆိုပြီး ရိပေါ်တက်လာခဲ့ပါတယ် အခန်းရှေ့ရောက်တော့

Whatever You Areحيث تعيش القصص. اكتشف الآن