Whatever You Are (16)

924 79 5
                                    

ရိပေါ်နဲ့ ရှောင်းကျန့်လက်ထပ်ထားတာ တစ်နှစ်တောင်ကျော်လာခဲ့ပါပြီ ရှောင်းကျန့်ရဲ့ အသက်(၂၉) ကျော်ပြီ သူ့ရဲ့  စကားအရဆိုရင် သူ့အသက် ၃၁နှစ်ပြည့်ရင် အကန့်အသတ်မရှိ တံခါးမရှိ ဓားမရှိ အတားအဆီးမရှိ မင်္ဂလာဦးရတော့မှာမို့ ရိပေါ် ကတော့ ကျေနပ်ပါတယ် စောင့်ရမယ့်အချိန်က သိပ်မကျန်တော့ဘူးဆိုပေမယ့် တစ်နှစ်ကျော် နှစ်နှစ်နီးပါး လိုနေတော့လည်း ခက်တယ်  ရိပေါ်လည်း ကျောင်းပြီးပြီမို့ Racer အဖြစ်ရပ်တည်မယ်လို့ စိတ်ကူးပြီး Training တွေ ဆင်းနေပါတယ်
အိမ်ထောင်သက် တစ်နှစ်ကျော်အတွင်း အချစ်စမ်းရုံလေးနဲ့တင် ရိပေါ်မှာ ကျေနပ်နေရတာပါ ကျေနပ်တာလို့ ပြောပေမယ့် အချိန်ပြည့် ဘယ်လိုသိမ်းပိုက်ရမလဲတော့ ကြံစည်နေတာပေါ့ ကြံရာမရတဲ့အဆုံး သူငယ်ချင်းတွေကို တိုင်ပင်ရတာပေါ့ သူငယ်ချင်းတွေက ပြောမနာဆိုမနာ ပွင့်ပွင့်လင်းလင်းပြောပြမိတော့ သူငယ်ချင်းတွေက လက်ထပ်ပြီးမှ ဥပုသ်စောင့်နေရတဲ့ ရိပေါ်အကြောင်းကို သိတော့ ခွက်ထိုးခွက်လန် ရီကြပါတယ်

"ဟား... သူများတွေက လက်မထပ်ခင်ကတည်း က ညားနေကြတာ မင်းကတော့ လက်ထပ်ပြီးတာတောင် မညားသေးပါလား"

ဆိုပြီး ဟောက်ရွှမ်းက ဟားပါတယ် ယွီပင်းကတော့ စဉ်းစားပြီး

"ကျန့်ကျန့်က ထူးဆန်းလိုက်တာ မင်းကို မချစ်တာလည်းမဟုတ် ပြီးတော့ လက်တောင်ထပ်ထားပြီးသားကို ဥပုသ်စောင့်ခိုင်းထားတယ် သူ့မိသားစု ပြဿနာက တော်တော်ကြီးလို့လား မသိဘူး ဒါပေမယ့် မိသားစု ပြဿနာနဲ့ ရိပေါ်ကို ဥပုသ်စောင့်ခိုင်းထားတာနဲ့တော့ ဆိုင်မယ် မထင်ဘူး တစ်ခုခုတော့ တစ်ခုခုပဲ"

အားလုံးက တစ်ယောက်တစ်မျိုးနဲ့ ဝိုင်းပြောနေကြတော့ ရိပေါ် စိတ်မရှည်ဖြစ်လာပြီး

"မင်းတို့ကို ငါ ဥပုသ်မစောင့်ချင်လို့ အကြံဥာဏ်တောင်းနေတာ ဝေဖန်ရေး လေကန်ရေး လုပ်ခိုင်းနေတာ မဟုတ်ဘူး"

ရိပေါ် စကားဆုံးတော့ ဟောက်ရွှမ်းက

"ရိပေါ် မင်းတို့အခန်းထဲမှာ TV နဲ့ DVD စက်ရှိလား"

"ရှိတယ်"

"ရှိရင် ဒီလိုလုပ် ငါအကြံပေးမယ် 18+ ဇာတ်ကားတစ်ခုဝယ်သွားကွာ တူတူဇာတ်လမ်းကြည့်ရအောင်ဆိုပြီး ကြည့်ကြလေ ဇာတ်ကားထဲ ဟိုလိုဇာက်ကွက်တွေပါလာရင် အဲဒါနဲ့ရောချပြီး တောင်းဆိုကွာ"

Whatever You AreWhere stories live. Discover now