Whatever You Are (19)

1K 81 2
                                    

ရှောင်းကျန့်နိုးလာတော့ မနက်(၁၀)နာရီတောင် ရှိပါပြီ လူက ရိပ်တိတ်တိတ်ဖြစ်နေသေးတာမို့ ပြန်လဲနေ လိုက်ပါတယ် ဘာလို့ဒီလောက်အိပ်ပျော်သွားမှန်း မသိပါဘူး ဘေးကိုကြည့်လိုက်တော့ ရိပေါ်လည်းမရှိတော့ပါဘူး အခန်းထဲမှာလဲ ကော်ဖီပန်းကန်တွေ ကွဲလိုကွဲ ရေခရားတွေ ကွဲလိုကွဲနဲ့ စာအုပ်တွေ စာရွက်တွေကပျံ့ကျဲလို ပျံ့ကျဲနဲ့မို့ ထိတ်ကနဲဖြစ်သွားပါတယ် လူကထမယ်လုပ်တော့ ကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိတော့တာ သတိထားမိလိုက်ပါတယ် ရှောင်းကျန့် အရာအားလုံး သဘောပေါက်လိုက်ပါပြီ အရမ်းအိပ်ချင်ရတဲ့ အကြောင်းရင်းကိုရော ဘာလို့ပွစာကျဲနေရတာလဲရော သိလိုက်ပါပြီ ရိပေါ် က အမှန်တရားတချို့ကို သိသွားပြီပဲ

ရှောင်းကျန့် ထင်တဲ့အတိုင်းပါပဲ ရှောင်းကျန့်ရဲ့ဘဝမှန်ကို သိသွားရင် သူကိုယ့်ကို ထားသွားမယ်ဆိုတာ ဒါကြောင့်လဲ တတ်နိုင်သလောက် ဖြစ်တဲ့နည်းနဲ့ ဘေးနားထားထားခဲ့တာလေ

ဘယ်တတ်နိုင်ပါ့မလဲ အိပ်ရာထဲက ထွက်ပြီး ထုံးစံအတိုင်း အရင်လို မိန်းကလေးတစ်ယောက်လိုပဲ ပြင်ဆင်း အဝတ်အစားလဲလိုက်ပါတယ် မဝတ်ချင်ဘဲဝတ်ခဲ့ရာတာ ဒီလိုအနေအထားကနေ မကြာခင် ရုန်းထွက်နိုင် တော့မှာပါ

"မားမား...ကျန့်ကျန့်ကို ရိပေါ်ထားသွားပြီသိလား ဒါပေမယ့် မားမား ချထားပေးတဲ့ Planအတိုင်း ကျန့်ကျန့် ဆက်သွားမှာပါ တမလွန်မှာ စိတ်ဖြောင့်ဖြောင့်နေနော် မားမားဖြစ်စေချင်တဲ့အတိုင်း ကျန့်ကျန့်လုပ်ပေးမှာနော်"

မရှိတော့တဲ့ မိခင်ကြီးကို တိုင်တည်တမ်းတမိတယ် အခုတော့ ရှောင်းကျန့်ဆီမှာ မားမားပဲကျန်တော့တာ ကျန့်ကျန့်ဘေးမှာ မားမား ရပ်တည်ပေးနေလိမ့်မယ်လို့ထင်နေတာမို့ တိုင်တည်မိတာပါ

ရိပေါ်လေး ဒေါသတကြီးနဲ့ သောင်းကျန်းသွားတာနေမှာ သူဒေါသထွက်သင့်ပါတယ်လေ ရှောင်းကျန့်ကို မသတ်သွားတာတောင် ကျေးဇူးတင်ရမှာ သူ့ဘဝကို ကိုယ်က ဆွဲချခဲ့မိတယ်လေ ရှောင်းကျန့်ငိုချင်တယ်ဒါပေမယ့် ရင်ထဲမှာ အရမ်းကို ဟာသွားလို့နေမှာ မငိုနိုင်ဘူး ငိုလိုက်ရင် ရင်ထဲ နည်းနည်းဖြစ်ဖြစ် ပေါ့သွားမှာသိပေမယ့် ငိုလို့မရဘူး မျှော်လင့်ထားပြီးသားနေ့ရက်ဆိုပေမယ့် အိမ်မက်ဖြစ်ရင် ကောင်းမယ်လို့ ထင်နေသေးတုန်းပါပဲ ရိပေါ် သောင်းကျန်းထားသမျှ သိမ်းဆည်းပြီး အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပါတယ်

Whatever You AreWhere stories live. Discover now