Whatever You Are (5)

1.3K 127 0
                                    

ရှောင်းကျန့် စကားအဆုံး ရိပေါ် ပြန်ပြောလိုက်နိုင်တာ
"ဗျာ"

"မဗျာနဲ့ ပြိုင်ပွဲမှာ ဒိုင်လူကြီး နဲ့ ပရိသတ်တွေကို အချဉ်ပေါင်းနဲ့ တည်ခင်းဧည့်ခံဖို့ စိတ်ကူးမရှိဘူးမလား ဒါဆို ကိုယ့်ညီလေးကိုယ် နိုင်အောင်ထိန်း ဒါ အပွင့်လင်းဆုံး သတိပေးတာ"

"အာ စိတ်ချပါ ညီလေးက အိပ်နေပါပြီ"

ရှောင်းကျန့်တောင် ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြောရဲသေးတာ ရိပေါ်ကလည်း ရှက်နေလို့ မဖြစ်သေးပါဘူး မဟုတ်ရင် ပြောင်းပြန်တွေ ဖြစ်ကုန်တော့မှာပဲ စိတ်ကိုစုစည်းပြီး အာရုံပြောင်းအောင် ဖုန်းနဲ့သီချင်းဖွင့်ပြီး Bluetooth နားကြပ်လေးနဲ့ နားထောင်နေလိုက်တယ် ပြီးတော့ ဂါဝန် အ၀ဲ အနားသားကို ခါးနားမှာ စုစည်းပြီး ကိုင်ထားပေးလိုက်တယ် တိုင်းတဲ့သူတောင် ကြည့်ပြီး တိုင်းတာရဲသေးတာ ရိပေါ်က ဘာလို့ မပြရဲရမှာလား နောက်ဆိုရင် အရှိကိုအရှိအတိုင်း အကုန်ပြရမှာလေ အခုတောင် Boxerတစ်ထပ် ဘဲလေး ဘောင်းဘီတစ်ထပ်ပါနေသေးတာ ကြောက်စရာလား ရင်ကော့ပြီး ခပ်မိုက်မိုက် ရပ်နေပေးလိုက်တယ်

"အဲဒီလိုမှပေါ့ အခုမှ Gender မခွဲဘဲ ရှက်ကိုးရှက်ကန်း မဖြစ်တဲ့ဒီဇိုင်းကို ပိုကြိုက်တယ် ငါ့ကို မိန်းကလေးလို့ မသတ်မှတ်တဲ့ပုံစံမျိုးပဲ ကြိုက်သွားပြီ စ တိုင်းပြီနော်"

ပြောလည်းပြော တိုင်းလည်းတိုင်းလုပ်လိုက်တဲ့ ရှောင်းကျန့်ပါ တင်ပါး ပတ်ပတ်လည် ကို တိုင်းတော့ တစ်ခါဓါတ် လိုက်တယ် ပေါင်ပတ်ပတ်လည် V-line အတိုင်း ကွက်တိရအောင် ဆွဲတိုင်းတော့ ဘယ်တစ်ခါ ညာတစ်ခါ ၂ခါ ဓါတ်လိုက်တယ် တင်အကောက်နေရာ မက်မွန်သီးအကွေးအတိုင်း တစ်ခါတိုင်းတော့ နောက်တစ်ခါ ဓါတ်လိုက်တယ် ပေါင်ခြံဘေးကနေ ညီလေးနေရာ အပေါ်တည့်တည့်ဖိတိုင်းတော့ တစ်ခါ ဗို့အားတစ်သောင်း လောက်နဲ့ နောက်တစ်ခါ ဓါတ်လိုက်တယ် ရှောင်းကျန့်ဆိုတဲ့ နတ်မိမယ်လေးက တကယ်တော့ ရိပေါ်ရဲ့ ဓါတ်အားပေးစက်ရုံလေးပါလား တော်သေးတယ် သီချင်းသံနဲ့ အာရုံပြောင်းထားတာရယ် ရေချိုးခန်းထဲမှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းလိုက်ရတဲ့အရှိန်ရယ်ကြောင့် ရိပေါ်ညီလေး အိပ်ရာက မနှိုးလာတာ မဟုတ်ရင် မတွေးရဲစရာ ပဲ

Whatever You AreWhere stories live. Discover now