Whatever You Are - Zawgyi (11)

107 9 0
                                    

နောက်ရက်ဆေးရုံဆင်းတော့

"အချစ် ကျွန်တော် ဟိုတယ် အခန်းတစ်ခန်း သီးသန့်ထပ်ယူရမှာလား အချစ်နဲ့ ပေါင်းတည်းရမလား"

" အခန်း ထပ်ယူလိုက်လေ ရိပေါ်  ငါက သူများနဲ့ တစ်ခန်းတည်း မနေတတ်ဘူး "

"ကျွန်တော်က သူများမှ မဟုတ်တာ မနေ့ကလည်း အတူတူ နီးနီးကပ်ကပ် နေခဲ့ပြီးပြီကို"

"မတူဘူးရိပေါ် မနေ့က ဆေးရုံမှာမို့ ငါလိုက်စောင့်ပေးတာ ပုံမှန်အတိုင်းဆို ငါ ဘယ်သူနဲ့မှ အတူ တစ်ခန်းတည်းမနေဘူး မင်းမို့လည်း ချွင်းချက်မရှိဘူး ငါ မင်းနဲ့ တစ်ခန်းတည်း အတူနေလို့ မဖြစ်သေးဘူး"

"ဘာလဲ စားပြီးနားမလည် ဝါးပြီးထွေးထုတ်တွေ ကျွန်တော့်ကို လုပ်တော့မလို့လား"

"အာ ရစ်လုံး မလုပ်နဲ့ရီပေါ် ငါ့မှာ ငါ ပင်ကိုယ် အခက်အခဲလေးတွေရှိတယ် ငါ ၃၁နှစ်ပြည့်မှ မင်းကို ပြောပြလို့ရမယ့် ကိစ္စတွေ ရှိနေတာမို့ ငါ့ကိုမရစ်ပါနဲ့လား ရိပေါ် သွားစို့ လိုအပ်တာ ပတ်ဝယ်ပြီး ဟိုတယ်ပြန်ရအောင် "

ဒီလိုနဲ့ လိုအပ်တာ ပတ်ဝယ်ပြီးတော့ နေ့လည်လောက် ဟိုတယ် ပြန်ရောက်ကြပါတယ် ခရီးသွားရာသီမို့ ကျွန်တော်ရတဲ့အခန်းနဲ့ ရှောင်းကျန့်ရတဲ့အခန်းက အထပ်မတူပါဘူး သူက ၁၂ထပ် ကျွန်တော်က ၅ထပ်မှာ ပါ ဘယ်တတ်နိုင်ပါ့မလဲ နေ့လည်စာ တော့ ဟိုတယ်မှာပဲ အတူတူစားဖြစ်ကြတယ် နေ့လည်စာစားရင်း ညနေ ရေကူးဖို့ အချိန်ချိန်းလိုက်ကြတာ အတူတူ ရေကူးဆင်းဖို့ ညနေ၅နာရီလောက် Reception မှာ ဆုံကြမယ်လို့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ချိန်းလိုက်ကြတယ် ရေမဆင်းကူးခင် ရိပေါ် တည်းတဲ့အခန်းကို ရှောင်းကျန့် က အဖော်လာလုပ်ပေးပါတယ် အခန်းထဲရောက်တော့ ရိပေါ်စိတ်ထဲ တစ်ခု စဉ်းစားမိတယ်

ကမ်းခြေရောက်နေတာဆိုတော့ အတော်ပဲ ဖြစ်သွားတယ် ကမ်းခြေမှာ ရေဆင်းကူးရင် ရေကူးဝတ်စုံနဲ့ ဆင်းကူးမယ့် ရှောင်းကျန့်ကို မြင်ရတော့မှာပေါ့ ပုံမှန်ဆို အနေအထိုင်ပီရိလွန်းတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ဘာဆိုဘာမှ မျက်စိအစာမကျွေးခဲ့ရပါဘူး နှာဘူးကျတာမဟုတ်ပေမယ့် ကိုယ့်ချစ်ရတဲ့သူ ဘယ်လောက်ထိလှလဲဆိုတာကို ကွင်းကွင်းကွက်ကွက်လေး မြင်ချင်မိတယ် ရှောင်းကျန့်က လည်ပင်းဟိုက်တာဆိုလည်းမဝတ်၊ ဂါဝန်တိုရင်လည်းမဝတ်၊ မလုံမခြုံဆိုရင်လည်း မဝတ် ၊ ကိုယ်တိုင်က ဒီဇိုင်နာဆိုတော့လည်း လုံလုံခြုံခြုံ လှလှပပလေး အမြဲဝတ်တတ်တယ် ဝယ်ဝတ်တာလည်း အရမ်းရှားတယ် Jean ဘောင်းဘီတို့ တီရှပ်တို့လောက်သာဝယ်တာ မျက်စိအစာကျွေးချင်လို့ ဒီယုန်မြင်လို့ ဒီခြုံထွင်ပြီး နည်းနည်းပါးပါးမြင်ရမယ့် ဝတ်စုံမျိုးရှာဖွေဝယ်ပြီး လက်ဆောင်ပေးရင်လည်း စိတ်ဆိုးတတ်သေးတယ်

Whatever You AreWhere stories live. Discover now