Whatever You Are (7)

1.1K 97 1
                                    

ဒီနေ့က ရှောင်းကျန့် ခရီးထွက်လာတာ တစ်ပတ်ရှိပြီ အလုပ်ကိစ္စလေးတွေ ပြီးပြတ်သလောက် ရှိပါပြီ ရှေ့နေ နဲ့ လိုအပ်တဲ့ အချက်အလက်တွေ အားလုံး လုပ်ထားရတာ ဘာလိုလိုနဲ့ အကောင်အထည်ဖော် ဖြစ်ဖို့က နောက်ထပ် ၅နှစ်လောက်ပဲ လိုတော့တာ ဒါပေမယ့် ပိုပြီး တိကျ သေချာအောင် နှစ်တိုင်းနှစ်တိုင်း ရှောင်းကျန့် မွေးနေ့တွေ ပြီးတိုင်း အချက်အလက်တွေ ထပ်တိုးလုပ်ဆောင်နေရတာ အလုပ်တွေ လုပ်နေချိန်ဆို မသိသာပေမယ့် အားလပ်သွားရင် အရင်ဆုံး အတွေးထဲ ဝင်လာတဲ့သူက တော့ ရှောင်းကျန့်ရဲ့ နှစ်ယောက် မရှိတဲ့ ရိပေါ်လေးပါပဲ။

ရိပေါ်က လည်းကိုယ့်ကို သဘောကျနေတာ မှန်းသိသာပေမယ့် ကိုယ့်ရဲ့ မွေးဖွားလာမှု ဖြစ်တည်မှုတွေကို မားမားက လွဲရင် ဘယ်သူကမှ သဘောတကျ မရှိလှတာမို့ ဒီကောင်လေး စိတ်ကစားတုန်း ကိုယ့်ကို လာပတ်သတ်တာနေမှာပါ သူ့ဘက်က စိတ်ကစားတာ ဖြစ်ခဲ့ရင်တောင် ရှောင်းကျန့်က သူနဲ့ အပျော်သဘော ဖြစ်ဖြစ် သူခံစားချက်အတိုင်း တွဲပေးဖို့ ဝန်မလေးပါဘူး

ခက်တာက ရိပေါ်က ခုထိသူ့ကို ဖွင့်မပြောသေးဘူး ရှောင်းကျန့်ရဲ့ ခံယူချက် တစ်ခုရှိတယ် ဘယ်လောက်ပဲ သဘောကျကျ ဘယ်တော့မှ ကိုယ့်ဘက်ကစ ဖွင့်မပြောဘူးဆိုတဲ့ ခံယူချက်ပါ ကိုယ့်ဘက်က ဘယ်တော့မှ စတင်မှာ မဟုတ်တာ မိန်းကလေးမို့ ထိန်းသိမ်းရမှာမို့ဆိုတဲ့အစွဲကြောင့်တွေ မာနကြီးလို့ဆိုတာတွေကြောင့် လည်း မဟုတ်ပါဘူး မားမားပြောပြောနေကြတွေ အမြဲကြားနေရတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို ဗိုက်ထဲမှာတည်းက ငြင်းဆိုခံခဲ့ရတယ်ဆိုတဲ့ စိတ်ဒဏ်ရာက ဆယ်ကျော်သက် နားလည်တတ်စအရွယ် ကတည်းက ရခဲ့တော့ အငြင်းခံရမှာ သေလောက်အောင် ကြောက်နေတာမို့ပါ ရိပေါ်ကို သူ့ခံစားချက်တွေ သူ ဆန်းစစ်တတ်စေဖို့ အတွက် ခရီးစထွက်ကတည်းက လုံး၀ လိုင်းမဖွင့် ဘဲ ဖုန်းကို Airplane Mode on ထားခဲ့တာပါ ကိုယ်ဆက်သွယ်စရာရှိရင် ခဏဖြုတ် ပြီး ဆက်သွယ် မားမားနဲ့ပြောရင် ကိုယ့်ဘက်က စဆက် ပြီးတာနဲ့ ချက်ချင်း Airplane Mode ပြန် On လိုက်တာပဲ

သတိတော့ရတာပေါ့ ဒါပေမယ့် ခဏလောက်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ပိုသေချာချင်သေးလို့ပါ နောက် ၂ရက်လောက် သီးခံပြီးရင် ရိပေါ်လေးနဲ့ ပြန်တွေ့ရတော့မှာပါ သူလည်း ထပ်တူခံစားနေရရင် ကောင်းတာပေါ့

Whatever You AreWhere stories live. Discover now