Whatever You Are - Zawgyi (23)

128 11 0
                                    

သူငယ်ချင်းတွေဆီက အချိန် တစ်လတောင်းထားတယ်ဆိုပေမယ့် ၃ပတ်လောက်နဲ့တင် ရိပေါ် ကိုယ့်စိတ်ကိုယ် သေချာစမ်းစစ်နိုင်ခဲ့ပါပြီ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဘာမှအရေးမကြီးပါဘူး ကိုယ်ချစ်တဲ့သူ ဖြစ်ဖို့ အရေးကြီးဆုံးပါပဲ တချို့လူတွေက Sex ကသပ်သပ် love ကသပ်သပ် ဆိုပေမယ့် ရိပေါ်ကတော့ ကိုယ်ချစ်သူနဲ့သာ Sex လုပ်ချင်ခဲ့တာပါ ရှောင်းကျန့်နဲ့အတူတူတုန်းက ကိုယ့်ဘဝရဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံး အခိုက်အတန့်တွေ အများကြီးရှိခဲ့ပေမယ့် ရှောင်းကျန့်ဘေးမှာ မရှိတဲ့အခါ ဘဝက အဓိပ္ပါယ်မဲ့နေခဲ့တာပဲ တော်သေးတာက အဲဒီအချက်ကို ရိပေါ် စောစောစီးစီး နားလည်သွားလို့ ခုတော့ ကိုယ့်စိတ်ကိုသိပြီမို့ ပါးပါးဆီ အရင်ဆုံး ပြန်လာခဲ့ပါ အလုပ်ချိန်မို့ ရုံးကိုလိုက်လာခဲ့ပါတယ် တစ်ခါမှ အလုပ်မလိုက်လာတဲ့ ရိပေါ်ကြောင့် ပါးပါးက အံ့အားသင့်ပြီး

" အာ ငါတို့ရိပေါ်လေး အလုပ်ထိတောင်လိုက်လာတယ် ကြည့်ရတာ ပါးပါး မိန်းမက လိုက်တောင်း ပေးရတော့ မယ် နဲ့တူတယ် အတွင်းရေးမှူးရေ သားသားရိပေါ်နဲ့ စကားပြောရအောင် Schedule တွေ နည်းနည်းလောက် ညှိပေးပါဦး"

အတွင်းရေးမှူးက အလိုက်သိစွာနဲ့ ဟုတ်ကဲ့ပါလို့ ပြောပြီး ရိပေါ်တို့ သားအဖ အေးအေးဆေးဆေး ပြောလို့ရအောင် အပြင်ထွက်သွားပေးပါတယ် အတွင်းရေးမှူး အပြင်ထွက်သွားတာနဲ့ ရိပေါ် ပါးပါးရှေ့ ဒူးထောက်ချလိုက်ပြီး

"ပါးပါး သား ဦးနှောက်က မချစ်သင့်ဘူးလို့ ဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ဘယ်လိုပဲ တားတား မချစ်ရရင် မဖြစ်တဲ့သူရှိနေလို့ ပါးပါးက ခွင့်ပြုသဘောတူပေးပါဦး"

"ရိပေါ် ဘာတွေအမှားလုပ်ထားလို့ ဒူးထောက်နေရတာတုန်း ကလေးအမေကို ကြိုက်မိလို့လား အိမ်ထောင်သည်ကိုချစ်မိလို့လား "

"အာ..ပါးပါးကလည်း ကျွန်တော် ချစ်မိနေတာက ယောက်ျားလေးမို့ပါ ပါးပါး"

"ဟေ"

ရိပေါ် ပါးပါး တော်တော်လေး အံ့အားသင့်သွားပါတယ် သားရဲ့ပုံစံက Gay နေတဲ့ ပုံလည်း မပေါက်ပါဘူး တစ်လောကတောင် ကောင်မလေးတစ်ယောက်နဲ့ အကြာကြီးတွဲပြီးမှ အသည်းကွဲနေလို့ ကိုးရီးယား Camp ကို ကောက်ခါငင်ခါဝင်သွားတာလေ အဲဒီတုန်းက ဒီပါးပါးဆီ ဖုန်းဆက်ပြီး ကျွန်တော်ချစ်တဲ့သူက ကျွန်တော့်ကို ညာထားတာ ကျွန်တော့်ဘဝကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတာမို့ ပြန်တည့်မတ်ချင်လို့ ကိုးရီးယားသွားပါပြီဆိုပြီး ဖုန်းဆက်ငိုသေးတာလေ အခုတော့ ဒီသားပဲ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတာလား ဒီပါးပါးပဲ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတာလား မသဲကွဲဘူး ရိပေါ် ပါးပါးဆီက ဘာသံမှ မထွက်လာတာမို့

Whatever You AreWhere stories live. Discover now