Whatever You Are (17)

916 80 0
                                    

ဒီနေ့က ရှောင်းကျန့်နဲ့ နည်းနည်း ကတောက်ကဆဖြစ်ထားတာ ၃ ရက်ရှိပါပြီ မနက်မိုးလင်းရင် ဘာမှ မဖြစ်သလို စကားတော့ ပြောဖြစ်ကြပေမယ့် ရိပေါ်ဘက်က ရှောင်းကျန့်ကို နာမ်စားတွေက အစ ရှောင်ပြီး စကားကို သတိထားပြီး ပြောဖြစ်ပါတယ် နှစ်ယောက်လုံးအတွက် အဆင်မပြေပါဘူး သူ့ဆီက အနမ်းတွေနဲ့ အထိအတွေ့လေးတွေ အရမ်းသတိရပါတယ် မြင်သာမြင်ရ မကြင်ရတဲ့ဘဝကြီးက အဆင်မပြေပါဘူး အရမ်းလည်း ပြန်အဆင်ပြေချင်တာပါ ဒါပေမယ့် ဘယ်ကနေ စပြောရမှန်း မသိတာကြောင့် ရိပေါ် ဆိုင်ကယ်ကွင်းမှာပဲ Trainingဖိဆင်း နေလိုက်ပါတယ် ရှောင်းကျန့်သာ ပြန်ခေါ်တာနဲ့ ချက်ချင်း ရိပေါ်က ပြန်အဆင်ပြေပေးဖို့လည်း ဆုံးဖြတ်ထားပြီးသား ဒါပေမယ့် ရှောင်းကျန့်ကလည်း ပြန်မခေါ်တော့ အခက်တွေ့နေပါတယ် ညပြန်ရောက်ချိန် ညစာစားပြီးပြီလားမေးတဲ့အခါ စားပြီးပြီလို့ ဖြေလိုက်တာနဲ့ ရှောင်းကျန့်ကလည်း အပေါ်ထပ်က သူ့ Single ဘဝတုန်းက  အခန်းထဲဝင်သွားတာမို့ ရိပေါ်လည်း ဘာမှ မပြောဘဲ ဧည့်သည် အခန်းထဲမှာ ဆက်အိပ်ဖြစ်ပါတယ် အပေါ်ထပ်အခန်း ထဲက အဝတ်အစားတွေတောင် သွားမယူဖြစ်ပါဘူး ကွန်ဒိုမှာ တစ်ခါတည်း ရေမိုးချိုး အဝတ်အစားလှဲ လာတာမို့ နှစ်ယောက်တည်းရှိတာ ခုလို မပြောမဆိုဖြစ်ကြတော့ နေရခက်လိုက်တာ ဘဝကြီးက ဒီသုံးရက်လေးကို တောင် ခက်ခဲလိုက်တာ ဘယ်ကနေ ဘယ်လိုပြန်စရမှန်းတောင် မသိတော့ပါဘူး

ဒီနေ့ ပြန်လာတော့ ခါတိုင်းလို ထမင်းစားပြီးပြီလား မမေးဘဲ

"ရိပေါ် နက်ဖြန် မင်းအားလား ငါနဲ့ တစ်နေရာကို လိုက်ခဲ့ပေးနိုင်မလား မအားလည်း ရပါတယ် အားတဲ့ရက်ပြော မင်းအားတဲ့ရက်ကို ရက်ချိန်းယူလိုက်မယ်"

"ကျွန်တော် အားအောင်လုပ်ထားပြီး နက်ဖြန်လိုက်ခဲ့ပေးပါ့မယ်"

"အင်း အဲလိုဆို နက်ဖြန် ၉နာရီ သွားရအောင်လေ"

"ကောင်းပြီလေ ကျွန်တော် အဆင်သင့်လုပ်ထားပြီးစောင့်နေပါ့မယ်"

"Goodnight နော်ရီပေါ်"

"Goodnight ကလွှဲပြီး ကျွန်တော့်အတွက် ပြောစရာမရှိဘူးလား"

Whatever You AreWhere stories live. Discover now